အခန်း ၁၆
ပါးပေါ်စိုစွတ်တဲ့ အထိတွေ့ကို ခံစားရလိုက်တာကြောင့် သူ့အနမ်းများကို ရပ်လိုက်ကာ
"ဘာဖြစ်လို့လဲ မှူးအလိုမတူပဲ ကိုယ်နမ်းမိလို့လား"
သူ့စကားကြောင့် မျက်ဝန်းများရွှေ့လာကာ သူ့မျက်လုံးနှင့်အကြည့်ခြင်းဆုံလိုက်တာကြောင့် သူယောင်၍ ပုခုံးကိုကိုင်ထားသည့်လက်များကိုလွှတ်လိုက်မိသည်အထိပင် သူမအကြည့်များက အေးစက်စိမ်းကားနေသည်။
သူမ ဘယ်လောက်စိတ်ဆိုးနေပါစေ ယခုကဲ့သို့ ဖော်ပြခြင်းမျိုးမပြုလုပ်ဖူးပါ ဒါဟာ ပထမဦးဆုံးအကြိမ်မို့ မွှေးညှင်းများပါ ထောင်ချင်လာမိသည်
"ရှင် ကျွန်မကို ဘယ်တုန်းက အလိုတူတဲ့အထိစောင့်ခဲ့ဖူးလို့လဲ။ ရှင်ဆန္ဒတွေပဲ ရှေ့တန်းတင်ခဲ့တာမဟုတ်လား နောက်မှာကျွန်မ ဘာဖြစ်ဖြစ် ရှင်အလေးထားဖူးလို့လား"
မေးခွန်းတွေကပြတ်သားသည် ထိချက်တွေကတော့မရှု့မလှပင် သူမပြောသမျှမှန်နေတာကြောင့် သူတောင်းပန်ရမည်သာ ဆိုးနေသည်က သူမအကြည့်တွေကို သူမကျော်နိုင်
"ရှင် ကျွန်မကိုဘယ်လိုမြင်လဲ ။ ရှင့်စိတ်ထဲမှာ ကျွန်မကို ဘယ်နေရာလို့ သတ်မှတ်ထားလဲ။ ကျွန်မကိုယ်ကျွန်မမြင်တာတော့ ရှင်ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်ထွက်နေတဲ့ အိမ်သာတစ်ခုလို့ပဲ မြင်နေရတယ်"
"မဟုတ်ပါဘူးမှူးရယ် ကိုယ်ရှင်းပြမယ်နော် နားထောင်နော်"
"မကိုင်နဲ့ လွှတ်လိုက်နော်"
သူမ လက်မောင်းလေးကို ကိုင်လိုက်မိသည်နှင့် ဆူးဆူးရှရှကြည့်လာကာ တားမြစ်လိုက်တဲ့အသံကားပြတ်သားလွန်းသည်
"Ok ok ကိုယ်မကိုင်တော့ဘူးနော် မှူးနည်းနည်း စိတ်လျှော့ပေး ကိုယ်ဝန်ကြီးနဲ့မို့ ကိုတောင်းပန်တာပါမှူးရယ် ကိုယ့်ကိုစိတ်ဆိုးနေမှာသိပါတယ် နည်းနည်းပဲလျော့ပေးနော် မှူးမကျေနပ်ရင် ကိုယ့်ကိုရိုက်ချင်ရိုက်လိုက်နော် အဲ့လိုမလုပ်ပါနဲ့ချစ်ရယ်"
ဟိုမုန်းအပြောင်းအလဲတွေရှိနေတာကြောင့် သူမစိတ်ခံစားချက်တွေပြင်းထန်နေတာသိပေမဲ့ တစ်ခုခုဖြစ်သွားမှာလဲ သူစိုးရိမ်နေမိကာ အနားမှာရှိနေသောစာအုပ်လေးကိုယူ၍ သူယက်ခတ်ပေးနေလိုက်မိသည်။
YOU ARE READING
No.2 နောင်တမရှိသောမနက်ဖြန်
Romantizmဒါလေးက soonရဲ့ ဒုတိယမြောက်ficလေးပါ နောင်တမရှိသောမနက်ဖြန် ဆိုင်မွန် + မှူး အဆက်လိုက်တင်ပေးမှာပါ Completeပါ