အပိုင်း ၁၈
မနက်စောစောဖလိုက်နဲ့ ပြန်ရောက်နေတာကြောင့် မနက်စာကို မိသားစုနဲ့ အတူစားရင်း စကားတွေပြောမကုန်နိုင် ဖြစ်နေရသူမှာ သူသာလျှင်
ဒီမြေဒီရေကို ခြေမချနိုင်ခဲ့တာ ၁၀နှစ်တောင်ကျော်နေခဲ့ပါပြီ green card လျှောက်လို့ရနေသည့်အနေအထားမှာပင် မိသားစုနဲ့ပဲ ဒီနိုင်ငံလေးမှာ အချိန်တွေကုန်ဆုံးချင်တာကြောင့် အချိန်တန်လျှင် အိမ်ပြန်မယ်ဟုသာ သူအားတင်း၍ အထိုက်အလျှောက်ထိ သူကြိုးစားခဲ့ပြီးပါပြီ
သူအိမ်မက်တွေ မပြည့်မချင်း ဘယ်အရာကိုမှ အာရုံမထားနိုင်ပဲ အလုပ်တွေသဲကြီးမဲကြီးလုပ်ခဲ့တာ ဒီမိသားစုလေးတွက်ပါ အထူးသဖြင့် ညီမလေးတွက်ဆို ပိုမှန်နေမည်
အရင်လို အဖေနှင့် မမ မရှိကြတော့တာကလွဲပြီး မပြောင်းလဲကြသေးသော သူ့အသိုက်အမြုံလေးကို မြင်တော့ ကျေနပ်မိရကာ
"ညီမလေးက ငယ်ငယ်ကထက်တောင် အရမ်းလှလာတယ်နော်မေမေ ဗိုက်လေးတော့ ပူနေတာပဲပြောစရာရှိတယ် ဒါပေမဲ့ အဲ့လိုဗိုက်ပူနေလို့ ကြိုက်မဲ့ယောက်ျား မရှိရင် သားတော့ပိုသဘောကျတယ် ဟဲ ဟဲ"
"သားကြီးကတော့လေ ပြန်လာတာနဲ့ သူ့ညီမကို တိုနေပြန်ပြီ ဒါဆိုမေမေတို့မျိုးဆက်ပျက်သွားမှာပေါ့သားရဲ့ မေမေမြေးချီဖို့ သားကတာဝန်ယူပေးမှာလား"
မေမေ့စကားကြောင့်သူပြုံးပြီးခေါင်းခါပြလိုက်ကာ
"မိန်းမယူချင်မှဖြင့် အစောထဲကယူပြီးပြီပေါ့ သားမှာခုမှ မိသားစုနဲ့နွေးနွေးထွေးထွေးနေဖို့ စယုံရှိသေးတယ် နောက်ထက်မိသားစုနဲ့ အလုပ်မရှုပ်ချင်ပါဘူး ဘာဖြစ်လဲ မောင်နှမှတွေအကုန် လူပျိုကြီး အပျိုကြီးလုပ်ကြရင် ပိုတောင်ကောင်းသေတယ်"
သူ့စကားကြောင့် မေမေဘာမှဆက်မပြောပဲ ပြုံး၍ ဒီတိုင်းကြည့်နေတာကြောင့် သူလဲရှေ့မဆက်ပဲ ညီမဖြစ်သူကို တစ်စိမ့်စိမ့်ကြည့်နေမိကာ ချစ်မဝဖြစ်နေရသည်
"ကိုကြီး ညီတို့တွက် ဘာတွေပါလဲ လက်ဆောင်ပါမလာဘူးတော့မပြောနဲ့နော်"
"ပါတယ် မင်းတွက်ကို သီးသန့်အထူးလက်ဆောင်ပါတယ်"
ကိုလင်းစိတ်ဝင်စားလာကာ မျက်လုံးများအရောင်တလက်လက်နှင့် ဘာလဲဘာလဲဟုလိုက်မေးနေတာကြောင့် သူရယ်လိုက်ကာ
YOU ARE READING
No.2 နောင်တမရှိသောမနက်ဖြန်
Romansဒါလေးက soonရဲ့ ဒုတိယမြောက်ficလေးပါ နောင်တမရှိသောမနက်ဖြန် ဆိုင်မွန် + မှူး အဆက်လိုက်တင်ပေးမှာပါ Completeပါ