သစ္စာဆေးရုံဝင်းအတွင်း ပြိုင်ကား အနီလေးတစ်စီးဝင်လာသည်နှင့် ထိုပြိုင်ကားပိုင်ရှင်မှာ ဘယ်သူမှန်းလူတကာသိကြသည်။
ပြိုင်ကားမှ သူထွက်လာလျှင် မိန်းကလေးတော်တော်များများ၏ အကြည့်များက သူ့ဆီသို့ ဒိုင်းကနဲ ချက်ချင်းကျလာလေသည်။ ရှပ်အင်္ကျီအနက်ရောင်နှင့် စတိုင်ပင် အနက်ရောင်နှင့် ဂျူတီအဖြူကို လက်က ကိုင်လာလျက်။ Ray Banမျက်မှန်ကို တပ်ထားသည့်သူ။ နှုတ်ခမ်းအပေါ်ဘယ်ဘက်တွင်ရှိသည့် မှဲ့နက်ကလေးက သူ့ရဲ့အဆွဲဆောင်နိုင်ဆုံး ညှို့ချက်ပင်။ ဗမာပြင်သစ်ကပြားရုပ်သဖြင့် သာမန်လူတွေနှင့်မတူ၊ မျက်လုံးပြာပြာများအောက်တွင် ကျရှုံးသူများက ဒုနှင့်ဒေးပင်။
ဆရာဝန်၊ နောက်ခံအသိုင်းအဝန်း၊ ရုပ်ရည်စသည်ဖြင့် အဘက်ဘက်ကပြည့်စုံသူကို ကြိုက်ကြသူကအများသား။ ကောင်မလေးများက သူမှသူ ငမ်းငမ်းတက်သည်။ နွေဆူးခက်အောင်ကတော့ ပြန်ပြီး ခွန်းတုံ့ပြန်ဖို့နေနေသာသာ လှည့်ပင်ကြည့်တတ်သူမဟုတ်။
အခုလည်း သူ့ကိုကြည့်နေသည့် သူများကို တစ်ချက်မှ မကြည့်ဘဲ သူလျှောက်သွားလေသည်။ သူသွားနေသည့်နေရာက သားဖွါးမီးယပ်တွင် တာဝန်ကျနေသည့် သူ့သူငယ်ချင်း ဒေါက်တာ လင်းအိမ်ဟန်ဆီသို့ပင်။ သူက သစ္စာဆေးရုံတွင် တာဝန်ကျသည်မဟုတ်။ နွေ တာဝန်ကျသည်က ဆေးရုံကြီးတွင်ပင်။
သို့သော် လင်းအိမ်ဟန်ဆီအမြဲလာသည်က အကြောင်းရှိသောကြောင့်ပင်။ သူတို့နှစ်ယောက်က လက်ဝှေ့ဝါသနာပါသဖြင့် underground လက်ဝှေ့ပွဲများကိုသွားကြည့်လေ့ရှိသည်။ တစ်ခါတစ်ရံ ပွဲလောင်းခြင်းပင်လုပ်တတ်လေသည်။
" ဟန်...မင်းဂျူတီပြီးတော့မှာလား"
" ပြီးဖို့ နေနေသာသာ ငါ့မှာ ဒေါက်တာ ထွဋ်စိုးခိုင် အစား ညဂျူတီဝင်ရမှာ သူ့အဖေ ကားအက်ဆီးဒင့်ဖြစ်လို့ နားတာလေ...ငါဝင်ရမှာ"
" ဒါဆို ငါတို့ဟိုမသွားဖြစ်ဘူးပေါ့"
" အေးလေ...နွေ...မင်းကလည်း တစ်ရက်လေးမသွားရတာကို"
" မသွားရလည်း ငါ ဘားသွားတော့မယ် တာ့တာ"
" ဘိုင့်ဘိုင်ပါ ...နွေ"
YOU ARE READING
နှလုံးသားတစ်ခုကို ထုဆစ်ခြင်း
Romanceမင်းကိုချစ်မိမှပဲ ငါ့မှာ အသည်းနှလုံးရှိသေးမှန်း သတိထားမိတော့တယ်။