Part-13

583 57 10
                                    

" ဟိုနွေရူးခက်အောင်...အခုမှပေါ်လာတာ ငါက ရွာသွားပြီး လယ်စိုက်နေပြီထင်တာ"

သံစဉ်မောင့်ဟာသကြောင့် အကုန်ကြိတ်ခွီကုန်ကြသည်။ လရောင်ကတော့ မရယ်မပြုံး။ နွေက သံစဉ့်ပုခုံးကို ဖက်ကနဲ ရိုက်ချလိုက်သည်။ သူတို့ရောက်နေသည်က သက်ရာ၏ ဟိုတယ် VIPခန်းတွင်စုကာ အနားယူနေကြခြင်းပင်။

" စရနောက်ရမယ်ဆို ....မင်းကထိပ်ကပဲ...စားရသောက်ရမယ်ဆို နောက်ကပဲ"

" ငါကမသောက်ရလည်း ဘာမှမဖြစ်ဘူး....ဘားတစ်ခုလုံးပိုင်တာ နောက်ဆုံးမကလို့ကြိုက်တဲ့အချိန်သောက်သောက်"

" ပြောအားရှိတာပေါ့...ငါတော့ မသောက်တာ နှစ်လရှိပြီ"

" ငမူးက ၂လရှိပြီ ထူးဆန်းတာ"

ရာရာ့စကားကြောင့် နွေက မျက်ခုံးတွန့်သွားသည်။

" ငါ့အသည်းအသက် ပူတူးလေးက သောက်တာမကြိုက်ဘူးလေ...ရေရှည်အတွက်လည်း ငါကပိုက်ဆံစုရမှာ...ငါကြိုးစားရမှာမို့"

နွေက ပြုံးပြုံးကြီးပြောသောအခါ လရောင်မှလွဲ၍ ကျန်သည့်လူများက ဝါးခနဲ ဟေးခနဲ။

ဩဂတ်စ်ဆိုလျှင်
" ခွေးပါးစပ်က နတ်စကားထွက်တယ်ဟေ့"ဟုပင် ဆိုတော့သည်။

လရောင်က ခေါင်းတသွင်သွင်ယမ်းကာ

" ရွာက အသည်းအသက်အတွက် ပိုက်ဆံစုတာထားပါတော့ မြို့က ဒယ်ဒီခေါ်တဲ့ကလေးက ဘာလား နွေ...ငါမြင်တယ်နော်"

" မင်းထင်သလို မဟုတ်ဘူး ရောင်"

" သေချာလား...မသိတဲ့လူအမြင်ဆို မင်းနဲ့သူက ဖက်ထားလိုက်ကြတာ အတွဲတွေကျလို့...ကြည့်ရတာ ရွာကကောင်မလေးကို အပျော်ကြံထားတာလား အဝေးကလူဆိုတော့"

" လရောင်ခ....မင်းစိတ်နဲ့နှိုင်းပြီး မရိုင်းစမ်းနဲ့...အဲ့ကလေးမနဲ့ငါနဲ့ ဘာမှမဆိုင်ဘူး...ငါ့အတွက် ညီမလေးရထားသလိုပဲ...ငါ့ဘဝမှာက...ဆွေးပဲ...ဆွေးဥဩပဲရှိရမယ်...မင်းငါ့ကိုနောက်တစ်ခါအဲလိုပြောကြည့်...သေမယ်သာမှတ်"

" မင်းငါ့ကို အဲလိုလာမပြောနဲ့ သေတာသတ်တာလာမပြောနဲ့ နွေ...အကြောင်းသိတဲ့ငါတောင် တွဲခုတ်နေတယ်ထင်ရလို့ ပြောနေတာ...မင်းက ဘာစိတ်မှမရှိဘူးထား...ဟိုကောင်မလေးက ရှိတယ်ကွ...ငါမြင်ရတယ်"

နှလုံးသားတစ်ခုကို ထုဆစ်ခြင်းWhere stories live. Discover now