မတူညီသော နေရာများမှ သူတို့နှစ်ယောက်

1.1K 63 12
                                    


နှလုံးအထူးကု ဒေါက်တာ - နွေဆူးခက်အောင်🖤

နွေဆူးခက်အောင်တို့ မိသားစုအသိုင်းအဝန်းမှာ ဆရာဝန်မိသားစုအသိုင်းအဝန်းဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ထုံးစံအတိုင်း သမက်ဖမ်း၊ ချွေးမဖမ်းလျှင် ဆရာဝန်မှ ရွေးဖမ်းကြသည်ရှိရာ သားသမီးသုံးယောက်လုံးဆရာဝန်ဖြစ်ကြသောကြောင့် လွန်စွာ မျက်နှာပွင့်လန်း၍ တွေ့သမျှလူတိုင်း ယောက္ခမတော်ချင်ကြသောအရိုးအကြောအထူးကုနှင့် အောင်သုခဆေးရုံပိုင်ရှင်၊ ဆေးရုံအုပ်ကြီးဒေါက်တာ မြတ်မင်းအောင်နှင့် ပြင်သစ်လူမျိုး အရေးပြားနှင့် အလှအပရေးရာအထူးကု ဒေါက်တာအမ်မလီအောင်တို့သည်ကား လူတိုင်းလာ၍ နားဖောက်သော်လည်း လက်မခံဘဲ သူတို့သားသမီးသဘောကျသူကိုသာ လက်ထပ်ခွင့်ပြုလေသည်။ သို့သော် သူတို့ကန့်သတ်ထားသည်က သူတို့နှင့် အဆင့်အတန်းတူသူကိုသာ သဘောကျလက်ခံလေသည်။

ထို့ကြောင့် သူတို့သားကြီး ဦးနှောက်နှင့်အာရုံကြောအထူးကုဒေါက်တာမင်းဘုန်းအောင်မှာ ပြင်သစ်သို့ ဘွဲ့သွားယူစဉ်က ငြိစွန်းခဲ့သော ပြင်သစ်နိုင်ငံသား မျက်စိဆရာဝန် ဒေါက်တာ နစ်ကိုးလပ်စ် ဗင်းဆင့် အန်ဒရိန်းနဲ့ လက်ထပ်ခဲ့လေသည်။ အများက လိင်တူခြင်းလက်ထပ်သောကြောင့် ကဲ့ရဲ့သော်လည်း မိဘများက လက်ခံသဖြင့် သူတို့၏ ချစ်ခရီးလမ်းမှာသာယာလျက်။ ဒေါက်တာ နစ်ကိုးလပ်စ်မှာ သူ့ချစ်သူနေထိုင်ရာ မြန်မာပြည်တွင် လိုက်လံနေထိုင်၍ အောင်သုခဆေးရုံတွင် မျက်စိအထူးကုအဖြစ်လုပ်ကိုင်လေသည်။

သားငယ် ဘုန်းမြတ်အောင်က ကလေးအထူးကု အဖြစ် လုပ်ကိုင်ရန် ကြိုးစားနေဆဲ လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ကောင်မလေးမှာ သွားဆရာဝန်တစ်ဦးဖြစ်လေသည်။ ထိုကောင်မလေး၏ မိဘများမှာ ဒေါက်တာမြတ်မင်းအောင် ရှယ်ယာဝင်ထားသော ဆေးကုမ္ပဏီ၏ CEOများပင်။ ထို့ကြောင့်လည်း သူတို့သားနှင့် သဘောတူထားခြင်းသာ။

ထိုကဲ့သို့ သားသမီးအပေါ် အလိုလိုက်၍ လွတ်လပ်ခွင့်ပေးသော်လည်း ကိန်းခန်းကြီးသော ထိုမိသားစုတွင် ဘုကလန့်တစ်ယောက်ရှိလေသည်။သူက

နွေဆူးခက်အောင်

အရပ်က ၆ပေ၂၊ ၇နှစ်ကတည်းက ကရာတေးကစားလာပြီး၊ ၁၆နှစ်တွင် လက်ဝှေ့ထိုးခြင်းကိုသင်ခဲ့သည်။ နှလုံးအထူးကုဒေါက်တာဖြစ်ရန်က သူ့ရည်ရွယ်ချက်ဖြစ်သည်။ ယခုလည်း ဆရာဝန်ပေါက်စအဖြစ် ဆေးရုံကြီးတွင် တာဝန်ကျလျက်ရှိလေသည်။ အစိုးရဆရာဝန်အဖြစ် ၅နှစ်တာဝန်ထမ်းဆောင်ပြီးလျှင် ပြင်သစ်သို့သွားကာ နှလုံးအထူးကုပညာသင်ကြားပြီးသည်နှင့် အောင်သုခဆေးရုံတွင် နှလုံးအထူးကုအဖြစ် ထမ်းဆောင်ရန် ရည်မှန်းထားသောသူပင်။ သူ့ရည်မှန်းချက် အပျက်ခံရမည့်အလုပ်ဆို ဘယ်တော့မှမလုပ်။ ဘုကလန့်လုပ်တတ်သည်။ ရန်ဖြစ်လျှင်ထိပ်က၊ ထစ်ခနဲဆို သူ့လက်က ပါပြီးသား။ ထိုသူသည် ချစ်ခြင်းမေတ္တာတွင်တော့ လက်မပါရဲရှာ။ သူက ချစ်ရမှာကို အကြောက်ဆုံးလူသားပင်။ အငယ်ဖြစ်သော ဘုန်းမြတ်အောင်ပင် ရည်းစားရသည့်တိုင် သူက တစ်ယောက်တည်းနေဆဲ။ သူအဖြစ်ချင်ဆုံးက မြန်မာနိုင်ငံမှာ ဝင်ငွေအများဆုံးဒေါက်တာဖြစ်လိုခြင်းပင်။

ဒေါက်တာ ဆွေးဥဩ🤍

သလဲကုန်းရွာတစ်ရွာလုံးတွင် စာအတော်ဆုံးကလေး။ စာအုပ်နှင့်မျက်နှာမခွါသူ။ရွာရှိ ဆယ်တန်းတွင် ဂုဏ်ထူး၆ဘာသာဖြင့် နှစ်ချင်းပေါက် ပထမဆုံးအောင်ဖူးသူ။ မိဘများက သူရင်းငှါးဖြစ်သဖြင့် ဆေးတက္ကသိုလ်တက်ဖို့ မထောက်ပံ့နိုင်သူ။ ထို့ကြောင့် တစ်ရွာလုံးက စုပေါင်းကာ ဆေးတက္ကသိုလ်ကိုထားပေးခြင်းကိုခံရသူ။ တစ်ရွာလုံးကလည်း သူ့အပေါ်မျှော်လင့်ထားသဖြင့် ဆရာဝန်တစ်ဦးဖြစ်ရန် အသားကုန်ကြိုးစားသောသူ။ သူဆရာဝန်ဖြစ်လိုသည်က ငွေရသည်ထက် သူ့ရွာကို ပိုအကျိုးပြုလိုခြင်းပင်။ ဆရာဝန်ဖြစ်သည့်အခါ သူ့လစာငွေထဲမှ တစ်ဝက်ကျော်ကို သူ့ရွာကျိုးအတွက် ပြန်သုံးနေတဲ့ ကောင်မလေးတစ်ယောက်။

လူက စာတအားရေးချင်နေတာ အဲဒါကြောင့် ရေးလိုက်တာ မသွားခင်အချိန်လေးကို ဟိုရောက်မှ နားလိုက်မယ်ဆိုပြီးလေ

စိတ်အပြောင်းအလဲမြန်လို့ စိတ်မရှိပါနဲ့နော်

တောင်းပန်ပါတယ်။ စိတ်မဆိုးကြပါနဲ့။

‼️This is not part-one

နှလုံးသားတစ်ခုကို ထုဆစ်ခြင်းWhere stories live. Discover now