" ငါဘာဆက်လုပ်ရမလဲ ဩဂတ်စ် ငါ့ကိုကယ်ဦး...ညို ငါ့ကိုကယ်ဦးဟာ...ငါမသိတော့ဘူး"
" နွေ...စိတ်အေးအေးထားပါ..."
" ငါပြောရမယ်ဆိုရင်လေ နွေ...နင် ဟိုကလေးနဲ့တိုင်ပင်ပြီး လှုပ်ရှားသင့်တယ်..."
" လွမ်းနဲ့လား"
" အင်း..."
" ဖုန်းလိုင်းမိရင်ပြောကြည့်မယ်...ဒါနဲ့ မင်းတို့ရောက်တာ ဘယ်မှာ နားကြမလဲ တည်းကြမလဲ"
" မြို့ပေါ်က တည်းခိုခန်းမှာ အခန်းယူထားတယ်...မပူနဲ့"
" အေး...တစ်ရက်လောက် လာကြည့်ပါဦးမယ်...ဆွေးကိုတော့ အသိမပေးနဲ့နော်"
" အင်းပါ....ငါတို့ပြန်ဦးမယ်"
" အေး...မဧည့်ခံလိုက်ရဘူး မြို့ပေါ်ရောက်မှ တစ်ခုခုလိုက်ကျွေးမယ်.."
ဧည့်သည်နှစ်ယောက်ပြန်သွားတော့ နွေလည်း ဘုန်းကြီးကျောင်းကို အပြေးပြန်လာခဲ့သည်။
ဆွေးက အပင်ရိပ်အောက်မှာ စောင့်လျက်။
" အဆင်ပြေရဲ့လား"
" ပြေပါတယ် ဩဂတ်စ်တို့လာတာ သူတို့က မြို့မှာတည်းမှာတဲ့လေ"
" ဪ..."
" ကဲပါ...ဆွေးရယ်...စာပြန်သင်ကြရအောင်"
နွေတို့နှစ်ယောက်သားလည်း ကလေးတွေကို စာပြန်သင်ကြသည်။ နွေ့စိတ်ကတော့မပါတော့ချေ။
ညရောက်တော့ ငှက်ဆိုးသံသာကြားရသည်။ ရံဖန်ရံခါတော့ ဘုရားစာရွတ်သံတို့ကလည်း ကြားရသည်။ နွေက ပြောစရာရှိသဖြင့် ဆွေးကို အိပ်ခန်းထဲက စောင့်နေရှာသည်။ ဆွေးရောက်လာမှ
" ပူတူး"
" ပြောလေ...ချစ်...ချစ်ကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ"
" ကိုယ်လေ ဆွေးကို ပိုင်ဆိုင်ထားချင်တယ်...ပြောချင်တာကလေ...ဆွေးနဲ့ကိုယ် အတူနေကြရအောင်"
" အခုလည်း တစ်ခန်းတည်းတူတူပဲလေ"
" ဟာ...ပူတူးကလည်း...ဟိုလိုဟာလုပ်ရအောင်"
" မဖြစ်ဘူးလေ..."
" ကိုယ်...အဲဒါလုပ်မှဖြစ်မယ်..."
YOU ARE READING
နှလုံးသားတစ်ခုကို ထုဆစ်ခြင်း
Romanceမင်းကိုချစ်မိမှပဲ ငါ့မှာ အသည်းနှလုံးရှိသေးမှန်း သတိထားမိတော့တယ်။