ဥဩကို ဖွင့်ပြောပြီးကတည်းက နွေ့ကိုရှောင်နေခဲ့သည်။ နွေလည်း နားလည်စွာဖြင့် အဝေးမှသာ ပြုံးပြနေခဲ့သည်။ တစ်ခါတစ်လေတော့ သူဖွင့်ပြောမိတာ မှားပြီလားဟုပင် တွေးမိသည်။ သို့သော် အဆိုးဆုံးကိုလည်း သူတွေးမိထားလေသည်။
မြို့ကို ပြန်ခါနီး နွေဟာ ဥဩ နှုတ်ဆက်ချင်နေခဲ့သည်။ သို့သော် ဥဩဟာ နှုတ်ဆက်ကြသည့် လူအုပ်ကြီးများထဲတွင်တော့ မပါခဲ့ပါ။ နွေလည်း မျက်နှာမကောင်းစွာပဲ ကားထဲဝင်နေလိုက်တော့သည်။
" တီတီနွေ ...အဆင်ပြေလား"
" ဒီရုပ်က ပြေနေလို့လား ကလေးတို့ရယ်"
" ဘာလို့ တီတီ့ကိုမရွေးတာလဲ"
" မရွေးတာထက် စဉ်းစားနေလို့ပါ"
" စဉ်းစားစရာတောင်မလိုတာ ငါတို့တီတီက အသာကြီးကို"
" တီရာရာနဲ့ တီတီနွေနဲ့ ဘယ်သူပိုသာလဲ"
" တီရာရာက ဒေါက်တာမမကိုကြိုက်တာမှမဟုတ်တာ"
" မကြိုက်ရင် အဲလိုတွေလိုက်လုပ်မလား တိမ်လွှာရဲ့"
" မဟုတ်ဘူး တီရာရာကြိုက်တာ တစ်ယောက်..ဒေါက်တာမမမဟုတ်ဘူး"
" အဲဒါဟုတ်တယ် တီတီနွေ...ဖူးဖူး တီရာရာ ဖုန်းဆက်နေတာ ကြားတယ်...မ ကို တအားလွမ်းတယ်ဆိုတာတွေပါနေတာ"
" ဟင်..တကယ်လား"
" တကယ်.."
" ဖူးဖူး..ဒါနောက်စရာမဟုတ်ဘူးနော်"
" တကယ်ပါဆို ဖူးဖူးနားက လူကြီးနားတွေလို မလေးသေးဘူး"
" ဟ...ဒါဆို ကိုယ်တွေပဲ ဒေါက်တာမမကို ချိန်ရမှာပေါ့ ရာရာက ပြိုင်ဘက်မဟုတ်ဘူးပေါ့"
" ရက်စ်..တီတီနွေ..ဒါပေမယ့် i padကတော့ ဝယ်ပေးရမှာနော်"
" တစ်ယောက်တစ်လုံးဝယ်ပေးမှာပါ..သတင်းက ကြားကောင်းတာ...မင်္ဂလာပဲ...သူငယ်ချင်းနဲ့ပြိုင်ဘက်မဟုတ်တော့ ပေါ့ပါးသွားတယ်"
" ဒါဆိုလည်း ပြန်ရအောင်...ဒေါက်တာမမက လာမနှုတ်ဆက်လောက်တော့ဘူး"
ထိုအခါမှ နွေလည်း ကားကို မောင်းထွက်လာခဲ့လေတော့သည်။
—————
YOU ARE READING
နှလုံးသားတစ်ခုကို ထုဆစ်ခြင်း
Romanceမင်းကိုချစ်မိမှပဲ ငါ့မှာ အသည်းနှလုံးရှိသေးမှန်း သတိထားမိတော့တယ်။