Part-18

819 51 12
                                    

" ဒေါက်တာနွေဆူးခက်အောင်ကို လက်ထပ်မယ်ဆိုရင် ငါ့သမီးတစ်ဘဝလုံး စိတ်အေးလက်အေးလည်း နေလို့ရပြီ၊ ပြောရရင် ဘဝအတွက် အာမခံချက် ရှိတာပေါ့...လက်ထပ်မယ်မလား...သမီးလည်း စိတ်ယိုင်နေတယ်ဆိုတာ မေမေသိတယ်"

" လွမ်း အသက်က အခုမှ ၁၉ပြည့်ခါစလေ မေမေကလည်း...လွမ်း စာကိုပဲ အာရုံစိုက်လို့မရဘူးလား"

" သမီး...လက်ထပ်ပြီးလည်း ကျောင်းတက်လို့ရတယ်...ဘယ်လိုပဲနေနေ...သမီး ဒေါက်တာ့ကိုယူရမယ်..မိဘစကားကို လွန်ဆန်ဖို့မကြိုးစားနဲ့"

ဒေါ်နုနုယဉ်က လွမ်းကို ဆူပြီး အခန်းထဲက ထွက်လာခဲ့သည်။

*ဒီကလေးကတော့လေ မြင့်စေချင်လို့ နတ်ပြည်တင်ပေးတာ ဇွတ်ခုန်ဆင်းချင်နေတယ်*

ထိုစကားကို အခန်းထဲမှ လွမ်းက ကြားလျှင်

" သမီးက အမြင့်ကြောက်တယ် မေမေရဲ့"

" ကြောက်လည်း နေပါများရင် မကြောက်တော့ဘူး ပို့ကိုပို့ရမယ်"

လွမ်း ကုတင်ပေါ် မလှုပ်မယှက် ငြိမ်နေမိသည်။ ဒယ်ဒီ့ကို မလိုချင်တော့တာလား။ စိတ်က ဘာရယ်ကြောင့်မှန်းမသိ။ အင်တင်တင် ဖြစ်နေသည်။ တကယ်ဆို ပျော်နေရမှာလေ။ စိတ်ကိုလျှော့ထားကာ အပြင်ထွက်ဖို့ပြင်တော့သည်။ အနည်းဆုံး တစ်ခွက်လောက် သောက်လိုက်ရင်တောင် စိတ်ညစ်တာပျောက်တန်ကောင်းပါရဲ့။

—————

ရွာထဲတွင် လျှပ်စစ်မီးမရှိသောကြောင့် ရွာလယ်လမ်းတစ်လျှောက်လုံး မှောင်မဲနေသည်။ လရောင်ကြောင့်သာ တစ်ချို့တစ်နေရာက လင်းနေသည်။ ဆွေးတို့အိမ်တွင် ဆွေး မိဘနှစ်ပါးက သက်ကြီးခေါင်းချချိန်ဖြစ်၍ အိပ်ဖို့ ပြင်နေကြသည်။ ဆွေးက သူ့မိဘနှစ်ပါးကို နှိပ်ပေးနေဆဲ။ တစ်ယောက်တည်းသော နွေကသာ ဆွေးအခန်းလေးတွင် ဖယောင်းတိုင်မီးဖြင့် စာဖတ်နေသည်။

ဆွေးမိဘနှစ်ပါး ဆုပေးသံကိုကြားတော့ ဆွေး ကန်တော့ပြီး အခန်းထဲဝင်လာတော့မည်ဆိုတာကို သိလိုက်သည်။ ထို့ကြောင့် နွေလည်း စာအုပ်ပိတ်ကာ ခေါင်းအုံးကို မှီနေလိုက်တော့သည်။ မကြာခင် လိုက်ကာစလေးက လှုပ်လာသောကြောင့် ဆွေးလာပြီဆိုတာ သိလိုက်သည်။

နှလုံးသားတစ်ခုကို ထုဆစ်ခြင်းWhere stories live. Discover now