Part-15

598 51 13
                                    

တိမ်လွှာ့ကိုဆေးထည့်ပေးပြီးနောက် ဒီပါလည်းလာကာ သူ့ညီမကို တွဲခေါ်ပြီး အိမ်ခန်းထဲပို့ပေးလိုက်သည်။

လွမ်းကတော့ တုံတိဘာဝေ မလှုပ်မယှက်၊ အားနာလို့ တောင်းပန်ချင်ပေမယ့်လည်း

" ဟိုကလေးမ...မင်းကားကို ဘယ်လိုမောင်းလာတာလဲ"

" ဟို...လွမ်း စိတ်တိုစရာရှိတာနဲ့ အဲ့ပေါ်မှာပဲ အာရုံရောက်ပြီး...ညီမလေးကိုမမြင်မိတာ"

" ငါ့သမီး...ဒီလောက်ပဲဖြစ်တာ ကံကောင်းတယ်..မဟုတ်လို့ကတော့ မင်းကိုသတ်ပြီး အမှုမပေါ်အောင် လုပ်ထားတယ်..ငါ့ကိုဘာထင်နေလဲ"

" လွမ်း...ဘာမှမထင်ပါဘူး...လွမ်းလည်းတောင်းပန်နေတာပဲကို...လွမ်းဆေးဖိုးတွေလည်းပေးမှာပါ...ညီမလေးက ဆေးခန်းမသွားချင်ဘူးဆိုတာနဲ့"

" ဆေးဖိုးလိုချင်လို့ပြောတာမဟုတ်ဘူးကွ...သိလား...မင်းပေးမယ့်ဆေးဖိုးက ငါသောက်တဲ့ဆေးလိပ်တစ်ဘူးစာတောင်မရှိဘူး...ငါ့သမီးက ဘယ်ဆရာဝန်မှကုစရာမလိုဘူး...ငယ်ငယ်ကတည်းက သူ့အမေကုပေးလာတာကွ...တောင်းပန်လည်း ကောင်းကောင်းမွန်မွန်ပြောလေ...အခုခေတ်ကလေးတွေတအားရိုင်းတာပဲ...တော်သေးတယ် ငါ့သမီးက အလိမ္မာလေးမို့"

လွမ်းကိုလည်း ဘာမဆိုင်ညာမဆိုင် အော်ပြီး သူ့သမီးကို အဆုံးသတ်ကျ ချီးကျူးသွားသောသူကို လွမ်းနားမလည်နိုင်။ သို့သော်လည်း ကိုယ်မှားထားတာကြောင့်ပင်။

" လွမ်းတကယ်တောင်းပန်ပါတယ်...လွမ်း ညီမလေး ပျောက်တဲ့အထိ ဆေးစရိတ်တွေ တာဝန်ယူပါ့မယ်"

" အေး...ငါအစကမယူဘူး...ဒါပေမယ့် မင်းကို မှတ်လောက်သားလောက်ရှိအောင် အပြစ်ပေးတဲ့အနေနဲ့တောင်းမှာ...ငါ့သမီးကို သွားကြည့်ဦးမယ်..မင်းဘာသာပြန်ချင်ပြန် မပြန်ချင် ဒီမှာထိုင်နေ"

ညအိပ်ဝတ်ရုံအရှည်ကြက်သွေးရောင်ကိုဝတ်ထားသော လူက ရှုးရှုးဒိုင်းဒိုင်း အပေါ်ထပ်သို့တက်သွားလေသည်။ သူ့သမီးကိုတော့ အသေချစ်တဲ့လူဟု လွမ်းမှတ်ထားလိုက်သည်။ တစ်ဆက်တည်းဘုကလန့်လူဟုပါ မှတ်ထားလိုက်သည်။

လွမ်းလည်း ငုတ်တုပ်ထိုင်နေပြီး ဘာပြောရမှန်းမသိဘဲ ခေါင်းငုံ့လျက်။ ရှေ့တွင်က လွမ်းတိုက်လိုက်သည့် ညီမလေးရဲ့ အမေဆိုတာတော့ လွမ်းသဘောပေါက်ထားသည်။

နှလုံးသားတစ်ခုကို ထုဆစ်ခြင်းWhere stories live. Discover now