နှစ်ပတ်ခန့်ကြာသော်
*ကြံစမ်း နွေ ကြံစမ်း...ဥဩကိုတွေ့ချင်ရင် ဘယ်လိုအကြောင်းပြချက်နဲ့ တွေ့ရမလဲဆိုတာ*
ဆေးရုံကြီး၏ ဆရာဝန်များနားနေခန်းတွင် ဆုံလည်ကုလားထိုင်ဖြင့် လှည့်ကာ စဉ်းစားခန်းဖွင့်နေသောနွေ။ လူကခုံပေါ်ထိုင်ကာ လှည့်နေသဖြင့် သူမမူးလည်း ဘေးကကြည့်နေသည့် သူ့လုပ်ဖော်ကိုင်ဖက်များက မူးနေလေပြီ။ နောက်ဆုံးတော့ စုလှိုင်( အချစ်ဦး ficထဲက နွေ့ကို သဘောကျတယ်ဆိုပြီး စတဲ့ ကောင်မလေးပါနော်) ကထလာလေသည်။
နွေ့ပုခုံးကိုဖြတ်ခနဲရိုက်လိုက်သဖြင့် အတွေးထဲမျောနေသော နွေမှာ လန့်သွားလေသည်။
" အိုးထိန်းစက်ပေါ်တက်ထိုင်နေတာကျနေတာပဲ...လည်နေတာ...နင်ငယ်ငယ်က ချားမစီးဖူးဘူးလား"
" စီးဖူးတယ်လေ...ငါစဉ်းစားနေလို့ လှည့်နေတာ"
" ဘာတွေဒီလောက်စဉ်းစားလို့လဲ မျောနေရအောင် နင့်ခေါင်းက ဒဏ်ရာတောင် ပတ်တီးဖြေပြီးတာမကြာသေးဘူး မူးနေမယ်"
" ဟုတ်တယ်...ငါ့ခေါင်း..ငါ့ခေါင်း..တော်လိုက်တာ စုလှိုင်ရာ..အကြံကိုရသွားပြီ"
လက်သီးလက်မောင်းတန်းပြီး ပျော်သွားသောနွေ့ကိုကြည့်ပြီး စုလှိုင်ကြောင်နေလျက်။
" ဒီမှာနွေ ကချင်ရင် ကလပ်သွားက..အခု roundလှည့်ရမှာလေ လာ ဂျူတီကုတ်ဝတ်တော့"
" အေးအေး"
နွေနဲ့ စုလှိုင်လည်း roundလှည့်ဖို့ ပြင်တော့သည်။ ပြီးနောက် သူတို့သက်ဆိုင်ရာ ဝါ့ဒ်သို့သွားကြလေသည်။
နွေကလည်း မနက်က အရေးပေါ်ဆေးရုံလာတက်သော သူ့လူနာရှိရာသို့သွားလေသည်။
" good afternoon ညီမလေး...နှလုံးကသက်သာပြီလား"
" သက်သာပါတယ် ဒေါက်တာ"
နွေ ထိုကလေးမကို စမ်းသပ်ကြည့်နေမိသည်။ ထိုကလေးမကတော့ မိမိကိုသာ စိုက်ကြည့်နေသည်ကို သတိပြုမိသော်လည်း နွေဘာမှမပြောပါ။
" ရင်ဘတ်အောင့်တာတွေရော ရှိသလား ညီမလေး"
" မရှိဘူး ဒေါက်တာ ရင်ခုန်တာပဲရှိတယ်"
YOU ARE READING
နှလုံးသားတစ်ခုကို ထုဆစ်ခြင်း
Romanceမင်းကိုချစ်မိမှပဲ ငါ့မှာ အသည်းနှလုံးရှိသေးမှန်း သတိထားမိတော့တယ်။