မနက်စောစော ဆေးရုံဝန်းတွင် ဆရာတော်ဘုရား၏ စကားကြောင့်ရော၊ ရွာသူကြီးကြောင့်ပါ ကာကွယ်ဆေးထိုးမည့်လူများက တန်းစီလျက်၊ တကယ်ဆို သူတို့အမြင်က ဆေးထိုးရန်မလို၊ မိုးရေထဲ ဖျားလျှင် အခိုးပွင့်ဆေးသောက်လျှင် ပျောက်သည်ဟု တစ်သက်လုံး မှတ်ယူထားကြလေသည်။
ဒီနေ့ကို ဆုံဆည်းရွာရှိ လူအကုန်ကို ဒေါက်တာ များက ဆေးထိုးပေးကြလေသည်။ ကျန်သည့်အဖွဲ့များက တခြားရွာနှစ်ရွာသို့ သွားကြလေသည်။ နွေကတော့ ဥဩ ဘေးတွင်သာ နေလိုသဖြင့် ဥဩနဲ့ တာဝန်တူတူကျရန် ကြိုးစားထားရလေသည်။ သက်ရာကတော့ ကလေးတွေကိုခေါ်ကာ ရွာရိုးကိုးပေါက် လျှောက်လည်နေလေသည်။
တစ်နေကုန် ဆေးရုံတွင် ဆေးထိုးပေးပြီး ညနေစောင်းသည့်အခါ လူက ပင်ပန်းလာသဖြင့် ဘာမှ လုပ်ချင်ကိုင်ချင်စိတ််မရှိတော့။ နွေလည်း ကုလားထိုင်ကိုမှီကာ မှေးနေလေသည်။ ဆွေးက နွေ့ကိုမြင်သွားကာ
" ဆူးအတွက် အဆင်မပြေရင် ကျွန်မအခန်းထဲ ဝင်အိပ်ပါ့လား..."
" နေပါစေ...ဥဩ..ဒီလိုအိပ်တတ်ပါတယ်"
" မရဘူး..အခန်းထဲ သွားလှဲပါ..ရော့ သော့ယူသွားလိုက်.."
လှမ်းလာသော သော့ကို ယူလိုက်ပြီး
" ဥဩက ဘယ်သွားမလို့လဲ"
" ဆူးတို့အတွက် ညစာချက်ဖို့ ရွာကလူတွေကိုသွားကူညီမှာ"
" လိုက်ခဲ့မယ်လေ.."
" မလိုက်ပါနဲ့ အေးအေးဆေးဆေးနားနေပါ...ကျက်ရင် လာခေါ်ပါ့မယ်"
" အားနာစရာ"
" မလိုပါဘူးရှင်"
" ဒါဆို သွားပြီနော်"
နွေလည်း သော့ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သွားတော့သည်။ အခန်းတံခါးကိုဖွင့်တော့ ဥဩအခန်းလေးက သန့်ရှင်းလျက်။ နွေလည်း ဂျူတီကုတ်ကို ချွတ်ကာ ဘေးက ကုလားထိုင်ပေါ်ကို တင်လိုက်သည်။ ထို့နောက် ဝတ်ထားသော ရှပ်အင်္ကျီ အဖြူကို ချွတ်လိုက်တော့ tank tops အဖြူလေးသာ ကျန်တော့သည်။ ထိုအင်္ကျီနှင့် နက်ပြာရောင်ဘောင်းဘီရှည်ဖြင့် ပင်ပန်းနေတာတောင် နွေဟာ ကြည့်ကောင်းနေသည်။ တစ်ယောက်အိပ်ကုတင်လေးပေါ် လှဲကာ မျက်လုံးပိတ်ထားလိုက်သည်။ ပင်ပန်းသည့်အရှိန်ကြောင့်ပါ တစ်ခဏတွင်းချင်း အိပ်ပျော်သွားလေသည်။
YOU ARE READING
နှလုံးသားတစ်ခုကို ထုဆစ်ခြင်း
Romanceမင်းကိုချစ်မိမှပဲ ငါ့မှာ အသည်းနှလုံးရှိသေးမှန်း သတိထားမိတော့တယ်။