Part-5

815 70 6
                                    

နွေ မန္တလေးကိုပြန်ရောက်တော့ ချက်ချင်းပဲ သက်ရာရှိရာကိုတစ်ခေါက်ပြန်သွားသည်။ ဒီတစ်ခါတော့ ကားထဲတွင် သူထည့်ထားသော ရန်ဖြစ်တဲ့အခါ သူကိုင်သည့် ဘေ့စ်ဘောတုတ်ကို ကိုင်လာသည်။ လုံခြုံရေးတွေတားသည့်ကြားကကို သူက သယ်လာသည်။

ရုံးခန်းထဲ တုတ်ကြီးတကားကားနှင့်ဝင်လာသောကြောင့် သက်ရာလည်း ကြောင်အအဖြစ်လျက်။

" ရာရာ...ငါတို့အေးဆေးစကားပြောရအောင်"

" အေး..အကုန်အပြင်ထွက်တော့"

နောက်ကလိုက်လာကြသည့် လုံခြုံရေးဝန်ထမ်းများက ပြန်လှည့်သွားကြသည်။

" တုတ်ကြီးကဘာလုပ်ဖို့လဲဟ...တုတ်တပြက် ဓားတပြက် လုပ်စရာကိစ္စ ငါတို့ဆီမှာမရှိဘူးလေ...ရှိခဲ့ရင်တောင် အေးဆေးရှင်းမှပေါ့..မင်းက အရာရာကို စိတ်ခံစားချက်အတိုင်း တဇွတ်ထိုးလုပ်လွန်းတယ်နွေ"

" တုတ်က ငါအရံယူလာတာ အေးဆေးပြောဖို့ပါပဲ"

" ကဲ...ပြောစေ"

" ဥဩ...အဲ ဆွေးဥဩနဲ့ရုံးခန်းမှာ ဘာတွေပြောကြတာလဲ"

" အဲဒါငါတို့နှစ်ယောက်ကိစ္စလေ"

" အေး...ဘာကိစ္စလဲလို့"

" နှစ်ယောက်ကိစ္စလို့"

" အဲဒါ ဘာကိစ္စလဲသိချင်တာကွာ မင်းတို့တွေ့တာ မနေ့ကမှတွေ့တာနော်..."

" မနေ့ကတွေ့လည်း နှစ်ယောက်ကကိစ္စရှိလို့မရဘူးလား"

" ရာရာ...မင်းမှာ ချစ်ရတဲ့လူရှိတယ်နော်"

" အေး..ရှိတယ် ချစ်ရတဲ့သူ...ဒါပေမယ့် ငါကပဲ တစ်ဖက်သတ်ချစ်ရတာလေ...ငါက single ပဲကို...လွတ်လပ်သေးတယ်...ငါဆွေးဥဩကို ချိန်လို့မရဘူးလား"

" မရဘူး"

" ဘာလို့လဲ...ဒေါက်တာဆွေးကလည်း singleပဲလေ..."

" မရဘူးလို့"

" မရရအောင် မင်းရည်းစားလည်းမဟုတ်ဘူး...မင်းနဲ့လည်းဆိုင်တာမဟုတ်ဘူးလေ နွေရာ"

" ဆိုင်ဆိုင်မဆိုင်ဆိုင်ကွာ...ဥဩကို မင်းထိလို့မရဘူး"

" ဘာလို့မရရမှာလဲ..ဒီမှာရှင်းရှင်းလေး ငါ့မှာရည်းစားမရှိဘူး တစ်ဖက်သတ်ချစ်ရတဲ့လူရှိတယ်...ဒါပေမယ့် သူကမှပြန်မချစ်တာ လက်လျှော့သင့်ရင် လျှော့ရမှာပေါ့...ပြီးတော့ ဒေါက်တာဆွေး...သူက ရည်းစားမရှိဘူး ငါနဲ့တူတယ် လွတ်လပ်တဲ့လူချင်းပဲကို...ဘာလို့ဒီလောက်နာပြနေတာလဲ နွေ...မဟုတ်မှ မင်း ဒေါက်တာ့ကိုများ....???"

နှလုံးသားတစ်ခုကို ထုဆစ်ခြင်းWhere stories live. Discover now