Ep_4

2.7K 173 10
                                    

Zawgyi

Flashback

" ဟင် မောင်! "

ထမင်းဂျိုင့်လေးကိုကိုင်ရင်း နှုတ်ကနေ မောင်ဟုတိုးတိုးလေးရေရွတ်မိတယ်။မောင်ကအမျိုးသမီးငယ်လေးတစ်ဉီးနဲ့အတူ Shopping mall ထဲကနေထွက်လာသည်။ထိုအမျိုးသမီးငယ်လေးရဲ့အဝတ်စားဆင်ယင်ပုံမှာ ဂါဝန်အတိုအနီရောင်လေးကိုဝတ်ဆင်ထားတယ်။အသာလေးကဖွေးအုနေတော့အနီရောင်ကဤမိန်းကလေးနဲ့လိုက်ဖက်သည်။

မောင်ကထိုအမျိုးသမီးငယ်နဲ့လက်အတူတွဲထားပြီး ပြုံးရယ်နေသည်။မောင်! မင်းတအားလွန်တာပဲ! ချစ်သူဖြစ်တာဖြင့်ရက်ပိုင်းပဲရှိသေးတယ်! မင်းကအခြားကောင်မလေးနဲ့တွဲနေတယ်!!! ငါ့ကိုအလေးမထားဘူးပဲ! ပြီးတော့ မောင် မောင်က ငါ့ကိုတကယ်မချစ်ဘူးပဲ! တကယ်ချစ်ရင် နောက်လူဆိုတာပေါ်လာစရာမရှိဘူးလေ ဟုတ်တယ်မလား။

" ဝမ်ရိပေါ် !!!! "

ဤအသံက သေချာပေါက်ရှောင်းကျန့်အသံပဲ! နောက်ကိုလှည့်ကြည့်လိုက်တော့ ရိပေါ်ထင်ထားတဲ့အတိုင်း ရှောင်းကျန့်ဖြစ်နေသည်။ရှောင်းကျန့်ရဲ့မျက်ဝန်းတွေဟာခါတိုင်းလိုလှပနေတဲ့မျက်ဝန်းမဟုတ်ပဲ၊ဒေါသလွှမ်းမိုးနေတဲ့ မျက်ဝန်းဖြစ်နေသည်။အသားတစ်ဆက်ဆက်တုန်တဲ့အထိ ရုပ်သေကြီး စိုက်ကြည့်နေတော့ ရိပေါ်က ရှောင်း
ကျန့်အနားသွားခါနီး ရှောင်းကျန့်ကဘာမှမပြောပဲထွက်ပြေးသွားသည်။

နောက်ကိုလိုက်ပြေးခါနီး " ကိုကို " ဟုခေါ်လာသောမိန်းကလေးရဲ့လက်ကိုဖြုတ်ကာ ရှောင်းကျန့်နောက်ကိုအမြန်ပြေးလိုက်မိတယ်။ရိပေါ်ကပဲ ရှောင်းကျန့်အပေါ်လုပ်ချင်ရာလုပ်မယ်၊သူဆိုးနေလည်း ရှောင်းကျန့်ကပဲခွင့်လွှတ်ရမယ်၊ပြီးတော့ထားမသွားရဘူး။

" ရှောင်းကျန့် မောင်ပြောတာနားထောင်အုံး ထွက်မပြေးနဲ့ !!! မောင်နဲ့ အဲ့ကောင်မလေးကဘာမှမဟုတ်ဘူး !! "

လက်မောင်းကနေ မောင့်ကဆောင့်ဆွဲပြီး သူ့ဘက်
လှည့်လာစေ၍ ပြောလာတယ်။

အဲ့ကောင်မလေးနဲ့ဘာမှမဟုတ်ဘူးဆို ဘာလို့နှစ်ယောက်သားလက်တွဲပြီး ပြုံးရယ်နေကြတာလဲ!!! ထိုအမျိုးသမီးငယ်လေးက မောင့်ကို ကိုကိုနော်ဟု ခေါ်တာကို ရှောင်းကျန့်ကိုယ်တိုင်နားနဲ့ဆက်ဆက်ကြားခဲ့တာကို၊ဘာမှမဟုတ်ဘူးလို့ ဗြောင်းငြင်းရဲတယ်။ဒီလောက်ပေါတင်ကြီးသူကိုယ်တိုင်မိတာတောင်မှ ဘာမှမဟုတ်ဘူးလို့ဗြောင်းမြင်ရတာဆိုတော့ တကယ်ကိုအံ့ဩတယ်။အမှန်တိုင်းပြောလည်း ဘာဖြစ်သွားမှာမို့လဲ? ဒီလောက်ဆိုရင် ဝမ်ရိပေါ်လိုလူနဲ့ရေရှည်တွဲလို့မဖြစ်ဘူး!!! အဆင်မပြေလောက်ဘူး!!!

My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)Where stories live. Discover now