Ep_11

2.4K 139 5
                                    

Zawgyi

flashback~~~~

ချစ်စရာကောင်းတဲ့ကြောင်ဖြူလေးကိုရင်ခွင်ထဲပိုက်ပြီး တစ်ယောက်တည်းစကားပြောနေသောရှောင်းကျန့်ကို ဝရံတာထပ်ကနေမတ်တပ်ရပ်နေတဲ့ရိပေါ်ကဆေးလိပ်ကိုသောက်ကာ စိတ်ဝင်တစွာစိုက်ကြည့်လိုက်တယ်။

ကြောင်ဖြူလေးကိုရင်ခွင်ထဲပိုက်ထားရင်း ထိုကြောင်ဖြူလေးရဲ့ခေါင်းလေးကို ရှောင်းကျန့်က လက်ကလေးဖြင့် ညင်ညင်သာသာလေးပွတ်သတ်နေပေးပုံကို ရိပေါ်ငေးကြည့်ရင်း ရင်တွေတဖြေးဖြေးခုန်လာရတယ်။ဒီလူကဘာလားပဲ! ဘာလို့ သူ့ကိုစိတ်ဝင်စားအောင် ပြုစားရက်နိုင်တာလဲ ဟုတွေးရင်း အောက်ထပ်ကိုအမြန်​ပြေးဆင်းကာ ရှောင်း
ကျန့်အနား ပြေးသွားလိုက်တယ်။

" ရှောင်းကျန့် ခင်ဗျားဘာလုပ်နေတာလဲ! "

ရှောင်းကျန့်က ကြောင်ဖြူလေးကိုရင်ခွင်ထဲပိုက်ထားရင်း နောက်ကိုလှည့်ကြည့်လိုက်တော့ ဘေးအခန်းကကောင်လေးဝမ်ရိပေါ်ဖြစ်နေသည်။ဒီကောင်လေးဝမ်ရိပေါ်ကို အမြဲကြည့်လိုက်တိုင်း မျက်နှာကမှုန်ကုပ်နေတာပဲ၊သူကြည့်ရတာတစ်ခုခုကိုအမြဲအလိုမကျသလိုပဲဖြစ်နေတာ။

" ကောလား ကောကကြောင်ဖြူလေးကိုချစ်စရာကောင်းလို့ ! ခဏချီထားတာ ! ချစ်စရာကောင်းလား ရိပေါ် "

ကြောင်ဖြူလေးကိုချီလျှက်ဖြင့် ရိပေါ်ကိုပြလိုက်မိတယ်။

ရိပေါ်တော့ ချစ်စရာကောင်းတယ်လို့မထင်ဘူး။ရှောင်းကျန့်လောက် ဘယ်သူမှချစ်စရာမကောင်းဘူးလို့ထင်တယ်၊မျက်မှောင်ကျုတ်ကာ ခေါင်းခါရင်း ရိပေါ်က ပြောလာသည်။

" ခင်ဗျားလောက်ချစ်စရာမကောင်းဘူး "

ရိပေါ်စကားကြောင့်ရှောင်းကျန့်မှာဘာပြောရမှန်းမသိအောင် ကြောင်တောင်တောင်ဖြစ်သွားကာ မျက်လုံးကို ဝေ့ပတ်ကာ ကစားမိသည်။ကြောင်လေးကိုချီထားရာကနေ မြေကြီးပေါ်အသာလေးချပေးကာ ပြောလိုက်သည်။

" တာ့တာ ! ကြောင်လေးရေ "

ရုတ်တစ်ရက် သူ့ခေါင်းကိုညင်ညင်သာသာထိတွေ့ကာကိုင်လာသောတစ်စုံတစ်ယောက်​ကြောင့် ရှောင်းကျန့်က ဒူးထောက်ထိုင်လျှက်ဖြင့် ထိုတစ်စုံတစ်ယောက်ကို ခေါင်းမော့ကြည့်လိုက်တော့ ရိပေါ်ဖြစ်နေသည်။ရှောင်းကျန့်ရဲ့ပျော့ပျောင်းနေတဲ့ဆံနွယ်လေးကို ရိပေါ်ကသူ့လက်ဖြင့်အသာပွတ်သတ်ရင်း မေးလာသည်။

My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)Where stories live. Discover now