Zawgyi
" အေး နင်လာခဲ့လေ သတ္တိရှိရင်ငါ့ဆီလာခဲ့ စိန်ခေါ်တယ်။ "
လမ်းမပေါ်မှာဖုန်းတစ်လုံးနဲ့မိန်းမကြီးတစ်ယောက်ကအော်ပြောနေတော့ ရိပေါ်ကကော်ဖီဆိုင်ထဲကနေလှမ်းကြည့်လိုက်တော့ ရိပေါ်ရဲ့ယောက္ခမကြီးဖြစ်နေသည်။ထုံစမ်းအတိုင်းလူတကာနဲ့ရန်ဖြစ်ပြီးဖုန်းဆက်ကာစိန်ခေါ်တက်တဲ့ယောက္ခမကြီးရဲ့အကျင့်ကမပျောက်သေးပါလားဟု ခေါင်းခါကာတွေးနေစဉ်မှာ မေရှင်းရီက စကားဆက်လာတော့ ရိပေါ်က မေရှင်းရီဘက်ကိုပြန်လှည့်ကြည့်လိုက်တယ်။
" အဲ့ဖွားတော်ကစိတ်ရှုပ်စရာကောင်းတယ်နော် ရိပေါ်။ "
သူကသာရှောင်းကျန့်ရဲ့မားကိုခေါ်ချင်သလိုခေါ်မယ်၊ပြောချင်သလိုပြောမယ်၊တစ်ခြားသူကတော့ ရှောင်းကျန့်ရဲ့မားကိုမရိုသေဆက်ဆံရင် မကြိုက်ဘူး။
" လူကြီးကိုဖွားတော်လို့ပြောစရာလား မင်းကမိန်းကလေးလေ၊ယဉ်ကျေးမှုဆိုတာကို ငါပြောစရာမလိုပဲမိန်းကလေးဖြစ်တဲ့မင်းကသိထားရမယ်မဟုတ်ဘူးလား။ "
ရိပေါ်ဆူတာကိုခံလိုက်ရတဲ့မေရှင်းရီကခေါင်းလေးညိမ့်ပြီးအောက်နှုတ်ခမ်းကိုဖိကိုက်ထားမိသည်။ရိပ်ါလို့ပြန်ပြောမို့ရှိသေး၊သို့ပေမယ့်ကော်ဖီဆိုင်ထဲကနေထထွက်သွားတဲ့ ရိပေါ်ကြောင့်မေရှင်းရီတစ်ယောက်တည်းကျန်ခဲ့ရသည်။
" ယောက္ခမကြီးခင်ဗျာ။ "
ဟင် ဒီအသံ! ဒီအသံက သား သားမတ်ဝမ် အိပေါ်လား။သူထင်တာမမှားဘူးဆိုပြီးနောက်လှည့်ကြည့်လိုက်မိတာတကယ်ကြီးသားမတ်ဝမ်အိ ဝမ်အိပေါ်ဖြစ်နေသည်။ကောင်လေးကအရင်လိုဇိုးစတိုင်မဟုတ်တော့ပဲ၊လူကြီးဆန်ဆန်ပြင်ဆင်ထားတော့ နှုတ်ခမ်းတစ်ဖက်တွန့်ပြရင်း မျက်စောင်းထိုးကြည့်ပြီးပြန်ပြောလိုက်မိသား!
" အိုးဟိုး သားမတ်ဝမ်အိပေါ်လေးက ကိုယ်ကိုယ့်ကိုယ်လူကြီးဆန်ဆန်ပြင်ဆင်ထားတော့ မှတ်တောင်မမှတ်မိတော့ဘူးနော်။ "
ယောက္ခမကြီးအကျင့်အမြဲရွဲ့ပြီးပြောလေ့ရှိတယ်၊တစ်ခါမှချီးကျူးစကားပြောတယ်ဆိုတာမရှိဘူး၊ဘယ်သူ့ကိုမှလည်းအကောင်းမမြင်ဘူး၊မနက်အိပ်ယာထပြီဆိုသူတစ်ယောက်တည်းကိုအလုပ်တွေရှုပ်ပြီးနားငြီးအောင်ပြောဆိုတော့တာပဲ။ကျန်းမားရေးမကောင်းတာတောင်အခုလိုမျိုးလူတစ်ယောက်ကိုရွဲ့ပြောနိုင်တာကိုတော့လေးစားမိသလို၊ချီးကျူးမိပါတယ်။
YOU ARE READING
My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)
FanfictionI only write Yizhan !!! so If you don't like it, you can skip it