Zawgyi
" ရှောင်းကျန့် "
သေချာတယ်၊သူမကြားချင်တဲ့လူကသူ့နာမည်ကိုလှမ်းခေါ်လိုက်တယ်ဆိုတာ။အလုပ်လုပ်ရတာကပင်ပန်းတယ်ဆိုမှ၊အခု ဝမ်ရိပေါ်ကအမြဲလိုလိုလာလာနှောက်ယှက်နေတာဘာကြောင့်လဲဆိုတာ နားမလည်နိုင်တော့ဘူး။သူနဲ့ဝမ်ရိပေါ်က ဇာတ်လမ်းပြီးပြီလေ၊အဲ့တာကိုဘာလို့ အမြဲလိုက်နှောက်ယှက်နေရတာလဲ??သူ့ကိုအမြဲတမ်းစိတ်ဒုက္ခဖြစ်အောင်လုပ်နိုင်တာကဝမ်ရိပေါ်တစ်ယောက်ပဲရှိတယ်။
စတွေ့တုန်းကလဲပျော်ရွှင်မှုဆိုတာမရှိသလို၊အခုအဆုံးသတ်မှာလဲပျော်ရွှင်မှုဆိုတာမရှိခဲ့ဘူး။အမြဲငိုနေရအောင်ပဲ လုပ်ခဲ့တာ။အဲ့တော့ သူတကယ်ပဲ ဝမ်ရိပေါ်နဲ့ဝေးဝေးနေချင်ပြီ။
" ဝမ်ရိပေါ် မင်း ငါ့ဘဝထဲလိုက်ဝင်ရှုပ်နေတာရပ်လို့ရမလား။အရမ်းလည်းပင်ပန်းပြီးအရမ်းလဲမွန်းကျပ်တယ်။မင်းကလေ လူတစ်ယောက်ကိုစိတ်ဒုက္ခပေးနိုင်လွန်းတယ်။ "
သူ့ဘဝထဲဝင်ရှုပ်နေတာကိုရပ်လို့ရမလားတဲ့။လုံးဝရပ်ရမှာမဟုတ်ဘူး။ရှောင်းကျန့်ကိုချစ်တယ်၊လက်မလွှတ်ချင်လို့ ရှောင်းကျန့်ဘဝထဲပြန်ဝင်လာကာ လိုက်ရှုပ်တာလေ။ပြီးတော့ရော စိတ်ဒုက္ခပေးနိုင်လွန်းတယ်၊သူကအဲ့လောက်တောင် ဆိုးသွမ်းနေတာလား။ဒေါသကိုထိန်းချုပ်ထားကာ စိတ်ရှည်ရှည်နဲ့ ပြန်ချော့လိုက်တယ်။
" ကျွန်တော် မင်းကိုချစ်တယ် ~~ "
ဖြောင်းခနဲ ရိပေါ်ပါးပြင်ကို ရိုက်လိုက်တဲ့ ရှောင်းကျန့်
ကြောင့် ရိပေါ် ပြောစရာစကားတွေရပ်တန့်သွားသည်။ရှောင်းကျန့်အဲ့လိုမရက်စက်ပါဘူးလေဆိုပြီးထင်ထားခဲ့တာ၊အခုတော့ တကယ်ကို ရက်စက်လိုက်တာ။" မင်းပါးစပ်ကချစ်တယ်လို့မပြောနဲ့ မတန်ဘူး။ဘာလဲ ထပ်ပြီးအနာပေးလိုက်ဆေးပေးလိုက် လုပ်ချင်သေးတာလဲ? ဟင့်အင်း ထပ်ပြီးတော့ အဲ့လိုတွေမလုပ်ပါနဲ့ ငါ နာကျင်ရတာတွေအရမ်းများလှပြီ အဲ့ဒီများလှတဲ့နာကျင်မှုတွေကလည်း ဘယ်သူ့ကြောင့်လဲဆိုတာ မင်းကိုယ်တိုင်ကောင်းကောင်းကြီးသိမှာပါ! ငါဘယ်သူ့ကိုအပြစ်မပြောပါဘူး ကံတရားကိုပဲအပြစ်တင်လိုက်မယ် ငါတို့နှစ်ယောက်ကိုဆုံစည်းပေးခဲ့တဲ့ အွန့် ! "
YOU ARE READING
My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)
FanfictionI only write Yizhan !!! so If you don't like it, you can skip it