Zawgyi
" အတွင်းရေးမှုးရှောင်း အရမ်းသဘောကောင်းတာပဲဗျာ။ကျွန်တော်အတွက်တော့အတွင်းရေးမှုးရှောင်းကအကောင်းဆုံးပဲ ! "
ပေါင်မုန့်ကိုပါးစပ်ထဲပလုတ်ပလောင်းစားရင်း ပြောလာသောကောင်လေးရန်လုလုကြောင့် ရှောင်းကျန့်ပေါ့ပေါ့ပါးပါးရယ်လိုက်မိတယ်။ရုံးမှာဆို ရှောင်းကျန့်ကိုကြည့်မရတဲ့သူတွေမှအများကြီးပဲ၊အကြောင်းကာ ဝမ်ကုမ္မဏီကိုအတွင်းရေးမှုးအလုပ်လျှောက်ဖို့အင်တာဗျူးကို သူများတွေနဲ့အပြိုင်ဆိုင်ဝင်ဖြေခဲ့တယ်။ကိုယ်ကတန်းခနဲအတွင်းရေးမှုးနေရာရသွားပြီး ကျန်တဲ့ဝင်ပြိုင်တဲ့သူတွေကတော့ ကိုယ့်ရဲ့လက်အောက်ကဝန်ထမ်းလေးသာဖြစ်သွားသည်။အခဲမကျေကြတော့ ကိုယ့်ကိုအဖက်မလုပ်၊မပြောမဆိုလုပ်တယ်။
ဒီလိုလုပ်လည်း ရှောင်းကျန့်တို့ကဂရုမစိုက်ပါဘူး။ကိုယ့်အရည်ချင်းကြောင့် အခုလိုနေရာကို သူများတွေထက်ကျော်ပြီး ရောက်တော့ မနာလိုနေကြတာမဆန်းဘူးလေ။ရှောင်းကျန့်တို့ကဂရုမစိုက်တာကလည်း သူတို့လုပ်စားထိုင်စားနေတာမှမဟုတ်တာ၊ကိုယ့်လုပ်စားကိုယ့်ထိုင်စားနေတာ အဲ့တော့ဘာလို့ဂရုစိုက်ရမှာ?ဟုတ်တယ်မလား။
" လက်ကဓါးရှထားတာလား ကောင်လေး ! "
ထိုသို့ပြောတော့ မျက်နှာလေးကိုကလေးတစ်ယောက်လိုဆူပုတ်ကာခေါင်းဆက်ဆက်ညိမ့်ပြလာသောရန်လုလုကြောင့် ရှောင်းကျန့်မှာနှုတ်ကနေအော်ဟု မသိသာရေရွတ်မိသား!!!ရှောင်းကျန့်ကံကြမ္မာကလည်းဘာလဲမသိဘူး ကလေးဆန်တဲ့သူမျိုးတွေကြီးပဲတွေ့နေရတာ။
ကလေးသိပ်ဆန်ပြီးအရမ်းဂျစ်ကျလွန်းတဲ့ဝမ်ရိပေါ်နဲ့တွေ့ပြီးတည်းကအချစ်ဆိုတဲ့အရာကြီးကိုသိပ်ကြောက်သွားတာ။ဘယ်သူ့ကိုမှထပ်မချစ်ရဲလောက်အောင်ကိုဖြစ်သွားသည်။ဝမ်ရိပေါ်နဲ့တွေ့မှပဲရှောင်းကျန့်မှာ အချစ်ကိုအလှပဆုံးလို့သတ်မှတ်ထားရာကနေ အချစ်ကတကယ်ကိုအဆိုးဆုံးလို့သတ်မှတ်ရတဲ့အထိပဲရယ်။
ရန်လုလုကျကတော့ဘယ်လိုပြောရမလဲ?ရန်လုလုကနေ့တိုင်းအနားနားလေးလာပြီး သူ့ရဲ့တစ်နေ့တာဆောင်ရွကချက်တွေကိုပြောတယ်၊သူ့ဘယ်လိုကြီးပြင်လာတာလဲအစအကုန်အသေးစိတ်ပြောတာ။ဝမ်ရိပေါ်လိုမလျှိုဝှက်တက်ဘူး။အဲ့တစ်ချက်ကတော့ဝမ်ရိပေါ်နဲ့လုံးဝမတူဘူး။ဝမ်ရိပေါ်နဲ့တူတဲ့အချက်ကကလေးဆန်တယ်၊အရမ်းဂျစ်ကျတယ်၊ပြီးတော့ဂျစ်ကန်ကန်နိုင်တယ်။ဝမ်ရိပေါ်ကအစားမပုတ်ပေမယ့် ရန်လုလုကတော့အစားပုတ်တယ်။
YOU ARE READING
My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)
FanfictionI only write Yizhan !!! so If you don't like it, you can skip it