Zawgyi
အစောကဖြစ်ပျက်တွေအဖြစ်ပျက်တွေက ကားဒရိုင်ဘာဉီးလေးကြီးကျိုးဖုန်းမှာလုံးဝမယုံကြည်နိုင်။သခင်လေးဝမ်ကခါတိုင်းဆိုရင် တွဲသမျှမိန်းကလေးတိုင်းအပေါ်ညင်ညင်သာသာဆက်ဆံကာအပျော်တွဲတယ်ဆိုတာ ဉီးလေးကြီးကျိုးဖုန်းလည်းသိသည်။မိန်းကလေးတွေကသခင်လေးဝမ်ကိုလမ်းမခွဲပေးဘူးဆိုရင် သခင်လေးဝမ်ကပိုက်ဆံအချီချီပေးတယ်၊မိန်းကလေးတွေလိုချင်တဲ့အရာမှန်သမျှ ဖြည့်ဆည်းပေးကာ လမ်းခွဲတက်သည်မှာ သခင်လေးဝမ်အကျင့်။
အစောကပိန်ပိန်သေးသေးကောင်လေးကတော့ သခင်လေးဝမ်ကို မှတ်လောက်အောင်လက်သီးနှစ်ချက်ထိုးပြီး ပညာပေးလိုက်တာပဲ။သခင်လေးဝမ်က ဤကောင်လေးကို တော်တော်လေးစွဲလမ်းနေပုံရတယ်။ငွေပေးပြီး သခင်လေးဝမ်ကသူ့ဆီလာလို့တောင်ပြောပုံအရဆို သခင်လေးဝမ်ကတော်တော်လေးကို စွဲလမ်းနေတာ။ဒါမှမဟုတ် သခင်လေးဝမ်က ကောင်လေးတစ်ယောက်ကို ဘယ်သူနဲ့မှမတူတဲ့အချစ်စစ်မျိုးနဲ့ချစ်မိသွားတာများလား။
ခေါင်းထဲအတွေးပေါင်းစုံအုပ်စိုးနေစဉ် နောက်ခန်းထဲမှာထိုင်နေသော သခင်လေးဝမ်ကစကားတစ်ခွန်းပြောလာတယ်။သခင်လေးဝမ်ကဤအကြောင်းတွေကိုဘယ်သူ့ကိုမြှပန်မပြောဖို့ ဘဏ်ကတ်ပေးပြီး မှာထားတော့ ဉီးလေးကြီးကျိုးဖုန်းက ဘဏ်ကတ်ကို အင်္ကျီအိတ်ကပ်ထဲထည့်ရင်း ပြုံးပြုံးလေး ဟုတ်ကဲ့ပါခင်ဗျာ ဟုဆိုမိသား။
ဘောင်းဘီအိတ်ကပ်ထဲကနေဖုန်းကထမြည်းတော့ ရိပေါ်ကဖုန်းကောက်ကိုင်ပြီး ကြည့်လိုက်တော့ ကျဲဆီကဖုန်းခေါ်တာဖြစ်နေသည်။ဖုန်းကိုနား နားလေးကပ်ကာ ဟယ်လိုဟု ဆိုလိုက်တော့ ကျဲက သူ့နဲ့သူ့ရဲ့သမီးလေးကို ကျောင်းလာကြိုပေးဖို့ဟု ပြောတော့ ရိပေါ်က ကားဒရိုင်ဘာဉီးလေးကြီး ကျောင်းတန်းသွားဖို့ပြောလိုက်သည်။
" ရေးးး ဉီးလေးဝမ် ရောက်ပီ !! "
ဝမ်ချင်းချင်းတို့များ သူ့ဉီးလေးဝမ်ရိပေါ်ကမုန့်ထုတ်တွေယူပြီး ကားခန်းထဲကနေဆင်းလာတာမြင်တော့ ခုန်ပေါက်ကာပျော်မြူးနေသည်။ဝမ်လေးက ဝမ်ချင်းချင်းလေးကို ကောက်ချီကာ ဝမ်ချင်းချင်းကိုစကားဆိုသည်။
YOU ARE READING
My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)
FanfictionI only write Yizhan !!! so If you don't like it, you can skip it