Ep_24

1.7K 79 0
                                    

Zawgyi

" ကျန့်ကိုမောင်ကတကယ်လက်မလွှတ်ချင်ခဲ့ဘူး၊ဒါပေပမယ့်ကျန့်ကတော့မောင်နဲ့ဝေးတဲ့နေရာမှာပဲအမြဲနေတော့ အခုလိုမောင့်အနားကိုကျန့်ဘာသာတမင်ရောက်အောင်လုပ်ခဲ့တာ။ကျန့်ကအဲ့လိုလေးအနားမှာအမြဲရှိပေးရင်အရမ်းပျော်တယ်။ကျွန်တော်​ပျော်ရအောင်လို့ကျွန်တော်အနားမှာပဲအမြဲရှိနေပေးပါလားဟင်။ "

ဝမ်ရိပေါ်ကနား နားလေးကပ်ကာပြောတော့ ရှောင်းကျန့်ရင်ထဲလိပ်ပြာလေးတွေပျံဝဲနေသလိုမျိုးခံစားနေရပြီ။ဒါကထပ်ပြီးဝမ်ရိပေါ်ကြောင့်ပဲအချစ်ကိုခံစားမိစေပြန်ရတာပဲလား။ဝမ်ရိပေါ်ကတော်ကီကောင်းသလားမမေးနဲ့ ရင်တွေကတစ်ဒိတ်ဒိတ်နဲ့ခုန်နေပြီရယ်။သူလည်းဝမ်ရိပေါ်နဲ့ထပ်တူလက်မလွှတ်ချင်ခဲ့ဘူး၊အတိတ်ကလက်လွှတ်ရတာကလည်းသူတို့နှစ်ယောက်ဘဝရဲ့အဆင်မပြေမှုတွေကြောင့်ပဲဖြစ်လိမ့်မယ်၊တကယ်ကျ ကိုယ်တိုင် လက်လွှတ်ချင်တယ်ဆိုတာမရှိခဲ့ဘူး။

" ငါ ငါ~~ အထင်အိပ်တော့မယ် "

" ကျွန်တော်ကရောဘယ်နေရာမှာအိပ်ရမှာလဲ?
ကော "

ရှောင်းကျန့်နဲ့အိပ်ချင်လို့တမင်အသိပေးနေတာကို ရှောင်းကျန့်ကတော့အခန်းထဲခဏဝင်သွားပြီတန်းထွက်လာသည်။လက်ထဲမှာလည်းစောင်အထူကြီးနဲ့ခေါင်အုံးကြီးကိုပိုက်ထားရင်း ဆိုဖာပေါ်ပစ်ချတော့ ရိပေါ်ရဲ့အတွေးထဲမှာ " ဆိုဖာပေါ်မှာအိပ်ရမှာလား "
ဟုဆိုသောအတွေးဝင်လာသည်။မဟုတ်လောက်ပါဘူး ကျန့်ကသူ့ကိုအဲ့လောက်ထိမရက်စက်ပါဘူးဟုတွေးထားပေမယ့် ရှောင်းကျန့်ကထုတ်ပြောလာသည်။

" ဆိုဖာပေါ်အိပ်လေ! "

အလိုက်မသိတဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် တည့်ပြောဖို့ပဲရတော့မယ်။ရှောင်းကျန့်လက်ကလေးကိုဆွဲချလိုက်တော့ ရိပေါ်ရဲ့ပေါင်ပေါ်မှာရှောင်းကျန့်ကိုယ်လေးကအလိုက်တစ်သင့်ထိုင်မိသားဖြစ်လေသည်။ပေါင်ပေါ်ထိုင်နေတဲ့ရှောင်းကျန့်ကတော့ အ
လန့်တကြား ရိပေါ်လည်းပင်ကိုလက်တစ်ဖက်ဖြင့်ဖက်တွယ်ရင်း ပြောလာတယ်။

" ရိပေါ် မင်း ဘယ်လိုဖြစ်နေတာလဲ ? "

" အင့် ! "

My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)Where stories live. Discover now