Zawgyi" သားဝမ် "
အိမ်ဧည့်ခန်းမှာထိုင်နေတဲ့ပါးကချိုသာစွာလှမ်းခေါ်လာတော့ ဝမ်ရိပေါ်ရဲ့ခြေလှမ်းတွေအလိုလိုရပ်တန့်သွားမိတယ်။ပါးဘက်ကိုလှည့်ကြည့်လိုက်တော့ ပါးရဲ့မျက်နှာကအရင်လိုဆူပုတ်နေတာမဟုတ်ပဲ၊ညင်သာစွာပြုံးပြလာတော့ ဝမ်ရိပေါ်လုံးဝကြောင်သွားတယ်။
ထူးဆန်တယ်လို့သူခံစားမိတယ်။
ရုတ်ခနဲပါးကဆိုဖာပေါ်မှာထိုင်ရာကနေထလာ၍ သူ့ဆီတည့်တည့်လျှောက်လာကာ သူ့ရဲ့ပခုံးကိုကိုင်ကာ ပြောလာသည်။
" အလုပ်မှာပင်ပန်းနေပြီလား ? သားကိုပါးကသေချာမလေ့လာမိခဲ့ဘူး။သားအရမ်းပင်ပန်းတယ်မလား။ "
ရှောင်းကျန့်နဲ့ကွာရှင်းပြီးလို့အိမ်ကိုစရောက်တည်းကပါးကနေ့စဉ်လိုလိုနားချိန်ဆိုတာမရှိအောင်အမြဲဟိုဟာလုပ်ခိုင်း၊ဒီဟာလုပ်ခိုင်းအမိန့်ပေးခဲ့တယ်။သူ့ကုမ္မဏီကိုမအုပ်ချုပ်ခင်အရင်ဆုံးနိုင်ငံခြားမှာပညာတော်သွားသင်ဆိုလို့ဘာတစ်ခွန်းမှအတွန့်မတက်ပဲတစ်နှစ်တိတိနိုင်ငံခြားမှာပညာတော်သင်ခဲ့တယ်။ဒါတောင် နိုင်ငံခြားမှာသူသုံးစရာမရှိတဲ့အခါပါးဆီကိုပိုက်ဆံလှမ်းတောင်ရင် ပါးကတစ်ပြားမှတောင်မပေးတဲ့အပြင် ကိုယ်ဘာသာကိုယ်ရပ်တည်ပြီးငွေရှာလို့တောင်ပြောခဲ့တယ်။နိုင်ငံခြားမှာရော၊အခုဒီမှာရောသူဘယ်လောက်စိတ်ပင်ပန်းပြီးမွန်းကျပ်နေလည်းဘယ်သူ့ကိုမှရင်မဖွင့်ခဲ့ဘူး။ပါးဆိုသည်မှာလည်း သူ့ကိုသားတစ်ယောက်လိုဘယ်သော်အခါမှသဘောထားခဲ့တာမဟုတ်ဘူး၊ပါးရဲ့ခိုင်းဖက်ကောင်လို့အမြဲသဘောထားခဲ့တာ။အခုကျမှသားဝမ်လို့ခေါ်ပြီးချိုချိုသာသာဆက်ဆံတာကပါးနဂိုပုံစံမဟုတ်ဘူး။သေချာပေါက် တစ်ခုခုရှိလို့ပဲ။
ရိပေါ်က စိတ်ရှုပ်စွာဖြင့်နက်ခ်တိုင်ဖြည်းချလိုက်ပြီး နက်ခ်တိုင်ကို လွှင့်ပစ်ကာ သူ့ပခုံးကိုကိုင်ထားတဲ့ပါးရဲ့လက်ကို ဖြုတ်ချကာ ပြန်ပြောလိုက်သည်။
" ပုံမှန်အတိုင်းနေစမ်းပါ ! သားဝမ်လို့လည်းလာမခေါ်နဲ့ ကျွန်တော်ကခင်ဗျားအတွက်သားတစ်ယောက်မဟုတ်တဲ့အပြင် ခင်ဗျားရဲ့ခိုင်းဖက်ကောင်လို့သဘောထားတယ်ဆိုတာနားလည်ပြီးသားမို့ မူလအတိုင်းနေ ! ကျွန်တော်မကြိုက်ဘူး။ "
YOU ARE READING
My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)
FanfictionI only write Yizhan !!! so If you don't like it, you can skip it