Zawgyi
" ဝမ်ရိပေါ် ! "
ရိပေါ်ရဲ့နှုတ်ခမ်းကအလိုလိုကွေ့ပြုံးမိသွားတယ်။နောက်ကိုလှည့်ကြည့်လိုက်တော့ ရှောင်းကျန့်ကထီးလေးဆောင်းကာ ရပ်ကြည့်နေစဉ်မှာ ရိပေါ်ကရှောင်းကျန့်အနားသွားပြီး ရှောင်းကျန့်ကိုသိမ်းကျုံကာဖက်လိုက်ပေမယ့် ရှောင်းကျန့်ကတော့ ပြန်လည်ပွေ့မဖက်ခဲ့လာပေ။
" ကျွန်တော်သိသားပဲ မင်းကျွန်တော်အနားကိုပြန်လာမယ်ဆိုတာ။ "
ဟင့်အင်း သူ့အနားကိုပြန်လာတာမှမဟုတ်တာ။ဝမ် ဝမ်ရိပေါ်သာမိုးရေထဲမှာအခုလိုအကြာကြီးမတ်တပ်ရပ်နေတော့ နေမကောင်းဖြစ်သွားရင် သူ့ခေါင်းပေါ်ရောက်လာမှာလေ။အဲ့တာကြောင့် ဝမ်ရိပေါ်ကိုအိမ်ပြန်ဖို့လာပြောတာ။
" ငါကမင်းကိုအိမ်ပြန်ဖို့ပြောတာလေ။မင်းကဘာလို့မပြန်သေးတာလဲ မင်းတစ်ခုခုဖြစ်ရင် ငါ့ကိုတိုင်ပတ်နေအုံးမယ်။ "
ရှောင်းကျန့်ကလေတကယ်မလိမ်တက်ဘူး။စကားတွေကမထစ်ပဲတိတိကျကျပြောနိုင်ပေမယ့်၊သူ့ကိုဘယ်လောက်ထိစိတ်ပူနေလဲဆိုတာကို ရှောင်းကျန့်ရဲ့မျက်ဝန်းထဲကနေတစ်ဆင့်ကြည့်ရင်သိနိုင်ပါတယ်။ဟော အခုတောင်မှ သူ့ဆီလာတာ အနွေးထည်မဝတ်ပဲနဲ့ ဖိနပ်တောင် ပြောင်းပြန်စီးလာတယ်။
" မင်းမလိမ်တက်ရင်ကျွန်တော်မင်းကိုလိမ်နည်းသင်ပေးမယ်။ "
နား နားလေးကပ်ကာပြောလာတဲ့ ရိပေါ်စကား
ကြောင့် ရှောင်းကျန့်ရဲ့လက်ကလေးတွေထီးလေးကိုတင်းတင်းကျပ်ကျပ်ကိုင်ထားမိသား! ဒါကဘယ်လိုအခြေနေကြီးလဲ?ထပ်ပြီး ဝမ်ရိပေါ်အတွက် ရင်ခုန်နေရပြန်ပြီလား။မဟုတ်ဘူး ရင်ခုန်တာမဟုတ်ဘူး၊ဒီတိုင်းရင်တုန်တာပဲဟု ကိုယ်ကိုယ့်ကိုယ်လိမ်ညာရင်း ဝမ်ရိပေါ်ရဲ့ရင်ဘတ်ကို တွန်းထုတ်ကာ ပြန်ပြောလိုက်တယ်။" ရော့ ထီးယူပြီးပြန်တော့ ငါမင်း ထပ်မမြင်ချင်တော့ဘူး။ "
သူ့လက်ထဲထီးလေးကိုပေးဖြစ်အောင်ပေးပြီးမှ အိမ်အပေါ်တက်ကိုအမြန်ပြေးသွားတဲ့ ရှောင်းကျန့်ကျောပြင်လေးကို ငေးကြည့်ရင်း ပြုံးလိုက်မိသည်။
YOU ARE READING
My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)
FanfictionI only write Yizhan !!! so If you don't like it, you can skip it