Zawgyiမီးရောင်အောက်မှာပျော်ရွှင်စွာခုန်ပေါက်ကာ လွတ်လွတ်လပ်လပ်ကနေကြတဲ့လူငယ်အများစု။မြူးကြွတဲ့သီချင်းသံကျယ်ကျယ်ကြောင့် ရိပေါ်ကပီကေကိုထွေးထုတ်ကာ ဘေးကသူငယ်ချင်းတွေ ကျိုးချန်နဲ့ယွီပင်ကို မျက်စပစ်ကာ ဝိုင်းမှာထိုင်မယ်ဟု အထာဖြင့်ပြတော့ ရိပေါ်တို့သုံးယောက်စလုံးဝိုင်းတစ်ဝိုင်းမှာ ဝင်ထိုင်လိုက်တယ်။
" ဟျောင့် မင်း vip အခန်းမထိုင်ဘူးလားကွ ! "
ယွီပင်က တိတ်ဆိတ်နေတဲ့လေထုကိုဖျောက်ကာ စကားဝိုင်းစတော့ ကျိုးချန်က ယွီပင်စကားကိုထောက်ခံသောသဘောဖြင့် ခေါင်းညိမ့်ပြတော့ ရိပေါ်ကစားပွဲပေါ် ခြေဆင်းရင်း ဆေးလိပ်သောက်နေဆဲ။
father ကြီးနဲ့ရန်ဖြစ်လာလို့ club ကို သူငယ်ချင်းတွေနဲ့သွားလိုက်သည်။ခါတိုင်းဆို သူကကုမ္မဏီရဲ့ceo တစ်ယောက်လည်းဖြစ်နေပြီ၊အခုလိုမျိုး clubတက်၊ဆိုင်ကယ်ပြိုင်စီး တစ်နေ့ကုန် လမ်းပေါ်မှာအလေလိုက်နေတာမဖြစ်သင့်ဘူးထင်လို့ အပျော်အပျက်တွေကို ရပ်ထားသည်။သို့သော်ငြား အိမ်ကိုပြန်ရောက်တည်းက ပါးက လူကိုအိမ်မှာမနေချင်အောင်လာပြောတော့ သူငယ်ချင်းတွေကိုဖုန်းဆက်ခေါ်ကာ club သွားဖို့စပြောတယ်။ဒီကောင်တွေလည်း clubမသွားရတာကြာပြီဆိုတော့ တန်းခနဲ ရိပေါ်ကို လာခေါ်တော့တာပဲ။
အစကတော့ Vip room မှာထိုင်မို့ပဲ၊ဒါပေမယ့် ပျော်စရာကောင်းတာလေး ဖန်တီးချင်လို့ ပုံမှန်ဝိုင်းမှာပဲထိုင်လိုက်တယ်။ရိပေါ်တို့အဖွဲ့က club ကိုအရင်ကအမြဲလာနေကျဆိုတော့ club ကစားပွဲထိုးတိုင်း ရိပေါ်တို့အဖွဲ့ကို သိနေပြီရယ်။ရိပေါ်ကိုကျတော့ club ကသူဌေးကအစ boss လို့ခေါ်သည်။ကိုယ်ကသိတဲ့အတိုင်း ငွေကိုရေလိုဖြုန်းနိုင်တဲ့ကောင်၊တကယ်ဒိတ်ဒိတ်ကျဲကျဲသူဌေးဆိုတော့ boss လို့ခေါ်တာ မဆန်းပါဘူးလေ ဟုတ်တယ်မလား။
" ဟျောင့် ကျိုးချန် မင်းကိုငါခိုင်းမယ် မင်းလုပ်ရင် မင်းတောင်းသလောက်ငွေပမာဏပြောကွာ မင်းကိုပေးမယ် မင်းမလုပ်နိုင်ဘူးဆိုရင် ငါ့ပိုက်ဆံနဲ့ဝေးပြီဟျောင့် ။ "
ရိပေါ်ကပြောပြီး ပိုက်ဆံအထပ်လိုက်ကိုစားပွဲပေါ်တင်ချလာတော့ ကျိုးချန်နဲ့ယွီပင် နှစ်ယောက်စိတ်ဝင်စားသွားကာ ကျိုးချန်ကဆက်ပြောလာတယ်။
YOU ARE READING
My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)
FanfictionI only write Yizhan !!! so If you don't like it, you can skip it