Ep_19

1.5K 78 7
                                    

Zawgyi

ရှောင်းကျန့်ကသူ့တစ်ကိုယ်လုံးကိုစောင်ဖြင့်ပတ်ထားပြီးမွေ့ယာပေါ်ကနေတန်းခနဲကောက်ထလိုက်သည်။ရိပေါ်လည်းဘောင်းဘီကိုအမြန်ဝတ်ပြီး ​ရှောင်းကျန့်ရှေ့သွားကာ ပိတ်ရပ်လိုက်တယ်။

" ဘယ်သွားမို့လဲဟမ် ကျွန်တော်ကသွားလို့ပြောလို့လား? "

" ငါကိုယ်ငါသန့်စင်အောင်သွားလုပ်မို့မင်းလိုကောင်မျိုးကိုရွံလို့ ! "

ရွံလို့တဲ့လား။အဟက်အရင်ကရောသူတို့တူတူနေလာကြတာပဲကို အခုမှဘာတွေအရူးထပြီးရွံလိုလုပ်နေရတာလဲ!! ရှောင်းကျန့်ကတကယ်ကိုအပိုစကားတွေအရမ်းပြောတက်တာပဲ။၃နှစ်အတွင်းမှာရှောင်းကျန့်ကသူ့ကိုဘာလို့များအရမ်းကိုမုန်းတီးရတာလဲ စဉ်းစားလို့မရ။အရင်ကသူ့မကောင်းခဲ့တာနဲ့ပတ်သတ်ပြီးအခုထိစိတ်နာနေရင်တော့မဟုတ်သေးဘူး။အရင်ကသူ့မကောင်းတဲ့ကိစ္စတွေကိုမေ့ပစ်ပြီး သူတို့နှစ်ယောက်လုံးအတူတူပြန်ပေါင်းရင် ရပြီမဟုတ်ဘူးလား။

ရင်ဘတ်ကိုအတင်းရိုက်ထုနေတဲ့ရှောင်းကျန့်ရဲ့လက်ကလေးနှစ်ဖက်ကိုရိပေါ်လက်တစ်ဖက်တည်းဖြင့်ထိန်းချုပ်လိုက်တယ်။ရှောင်းကျန့်ကတော့နှုတ်ကနေကျိန်ဆဲနေသည်မှာ ရပ်တန့်မသွားပေ။

" လွှတ် ငါ့ကိုလွှတ် အရူးကောင် !!ငါ့ကိုအခုလိုမျိုးမကောင်းကြံတဲ့မင်းကိုမုန်းတယ် "

သူကမကောင်းကြံတာ?အဖိုးကြီးလက်ထဲကနေကယ်လာတာကိုကျေးဇူးမတင်ပဲအပြစ်ပြောနေတယ်။နေပါအုံး မကောင်းကြံတာဆိုတော့သူကပဲ ရှောင်းကျန့်အလိုတူမပါပဲအတင်းလုပ်တာကြီးဖြစ်လို့။ရှောင်းကျန့်ကိုယ်တိုင်ကပဲ သူ့ကိုစနမ်းခဲ့တာလေ။အဲ့တာကိုသူကပဲမကောင်းကြံတာတဲ့၊အဓိပ္ပာယ်မရှိတာတွေ။

" ခင်ဗျားအဲ့လိုမပြောနဲ့လေ!! ခင်ဗျားကိုယ်တိုင်ကလည်းအဆင်ပြေတယ် လိုချင်တယ် လို့ပြောခဲ့တာလေ။ "

မဖြစ်နိုင်တာ၊သူကဘယ်လိုလုပ်ပြောရမှာလဲ?ပြီးတော့မနေ့ညကဘာဖြစ်သွားမှန်းသူလည်းမသိဘူးလေ။ဒါကတော့ဝမ်ရိပေါ်ကသူမပြောတဲ့စကားကိုတမင်လိမ်ပြောတာကို မသိရင်ခက်မယ်။

My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)Where stories live. Discover now