Zawgyi
" ဝမ်လေး ကျဲပြောတာကြားရဲ့လား။ "ဝမ်လေးကိုပါးနဲ့အဆင်ပြေစေဖို့အတွက်သူမကိုယ်တိုင်ဝမ်လေးရှိရာအလုပ်ကိုလိုက်လာပြီး ဝမ်လေးနဲ့ပါးကြားကပြဿနာတွေဆက်မဖြစ်အောင်ကောင်းကောင်းမွန်မွန်နားချကာပြောဆိုနေပေမယ့်ဝမ်လေးကတော့ တစ်ချက်ကလေးမှလှည့်တောင်မကြည့်ပဲ ရှေ့မှာထိုင်နေတဲ့အတွင်းရေးမှုးရှောင်းကျန့်ဆိုသူကို ငေးကြည့်နေသည်။သူမရဲ့သမီးလေးဝမ်ချင်းချင်းလေးကို အတွင်းရေးမှုးရှောင်းကျန့်ကသူ့ပေါင်ပေါ်တင်ထားရင်း သမီးလေးနဲ့စကားတွေရယ်မောကာပြောနေသည်မှာ ဝမ်လေးအတွက်ကြည်နူးဖွယ်ရာဖြစ်နေသလိုပါပဲလား။ဝမ်ချင်းချင်းလေးကလည်းစကားအရမ်းပြောတက်ပြီးချစ်စရာသိပ်ကောင်းတော့ လူအများကဝမ်ချင်းချင်းလေးကိုသဲသဲလှုပ်လှုပ်ချစ်နေကြတာမဆန်းပေ။
" မီလေးကအရမ်းတော်လိုက်တာ ! အာဘွား "
ပါးတစ်ဖက်ကိုဖောင်းပြီး ဝမ်ချင်းချင်းဆီကနေအာဘွာပေးဖို့တောင်းဆိုနေသည့်ရှောင်းကျန့်ပုံစံကဝမ်ရိပေါ်ရဲ့အမြင်မှာအရမ်းကိုချစ်စရာကောင်းနေသည်။ချင်းချင်းလေးကအာဘွားပေးတော့ ရှောင်းကျန့်ရဲ့လှပတဲ့အပြုံးလေးတွေကြောင့် ဝမ်ရိပေါ်လည်းထပ်တူပြုံးရယ်မိသွားပါရဲ့။
ဟင် ဝမ်လေးပြုံးနေတယ်၊ဝမ်လေးရဲ့အပြုံးကတစ်ယောက်ယောက်ကိုငေးကြည့်ရင်း သဘောကျမြတ်နိုးနေတဲ့အပြုံးလေး။ဝမ်လေးလိုအပြုံးရယ်မရှိတဲ့ကောင်လေးကိုပြုံးနိုင်အောင်လှုပ်ခက်သွားနိုင်တဲ့ပိုင်ရှင်ကဘယ်သူများလဲဆိုတာကို ဝမ်ချင့်ယိသဘောပေါက်သွားသည်။ကြည့်ရတာဝမ်လေးကအတွင်းရေးမှုးရှောင်းကျန့်ကိုမသိစိတ်ကသဘောကျနေတယ်ထင်တယ်။ဝမ်လေးသဘောကျတဲ့သူကယောင်္ကျားလေးပဲဖြစ်ဖြစ်၊မိန်းကလေးပဲဖြစ်ဖြစ် အမတစ်ယောက်ပီပီ သူမကိုယ်တိုင်မကန့်ကွက်ပဲလက်ခံပေးပါတယ်။အဓိကဝမ်လေးပျော်ရင်ပြီးရောလေ ဟုတ်တယ်မလား။
" ဝမ်လေး အတွင်းရေးမှုးရှောင်းကိုသဘောကျနေတာလား ! "
သဘောကျနေတာလားတဲ့၊ကျဲဆီကနေပထမဆုံးမေးခွန်းထုတ်လာတဲ့မေးခွန်းကြောင့် ကျဲဘက်ကို
လှည့်ကြည့်ကာ ရိပေါ်ကိုယ်ကိုယ့်ကိုယ်ပြန်သုံးသပ်မိတယ်။မဟုတ်ဘူး သဘောကျတာမဟုတ်ဘူး၊ရှောင်းကျန့်ကို မြတ်မြတ်နိုးနိုးချစ်တာ။ရှောင်းကျန့်ကိုပြန်လိုချင်တယ်။ကျဲကိုလည်းအမှန်တိုင်းပြောဖို့ဆိုတာလည်း ရိပေါ်စဉ်းစားမိတယ်။သူသာအမှန်တိုင်းပြောလိုက်ရင် ကျဲကသေချာပေါက်ရှော့ရသွားမှာ။ဒါပေမယ့်အမှန်တရားဆိုတာအမြဲတမ်းဖုံးကွယ်နေရတဲ့အရာမှမဟုတ်တာ။တစ်ချိန်ကျအမှန်ဆိုတာပေါ်လာမှာပဲလေ၊ဖုံးကွယ်လို့မရတဲ့အတူမထူးဘူး၊သူကိုယ်တိုင် ကျဲကိုအမှန်ထုတ်ပြောရုံရှိတယ်။
YOU ARE READING
My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)
FanfictionI only write Yizhan !!! so If you don't like it, you can skip it