Ep_16

1.4K 89 5
                                    


Zawgyi

" ကျွန်တော်တို့လည်းနှစ်ဉီးနှစ်ဖက်သဘောတူမှဤမင်္ဂလာပွဲကိုဖြစ်မြောက်စေချင်တာပါ။ဖြစ်ချင်တော့ဗျာ သားရော သမီးရော အချင်းအချင်းခံစားချက်ဆိုတာမရှိတော့ လက်ထပ်ပွဲကျင်းပလို့မရဘူးထင်တယ်။ "

လီအိမ်တော်ကသူဌေးကြီးနဲ့သူဌေးမကြီးကကိုယ်တိုင်လာရောက်ပြီး ဝမ်ရိပေါ်နဲ့လီမေအကြောင်းဆွေးနွေးကာပြောလာတော့ ဝမ်ရိလင်လည်း လီအိမ်တော်ကသူဌေးကြီးရဲ့စကားမှန်တယ်လို့ပြောရမယ်ထင်ပါတယ်။အင်းလေ သမီးရှင်ဘက်ကတောင် သဘောကျတဲ့သူရှိတယ်လို့ထုတ်ပြောလာတော့ ဝမ်ရိလင်အတင်းကျပ်မလုပ်တော့ပါဘူး။ဒီကောင်အတွက် နောက်အိမ်ထောင်ဖက်ရှာပေးရုံပဲတက်နိုင်တယ်။

" ဟုတ်ပါပြီဗျာ ကျွန်တော်လည်းလီအိမ်တော်ကသူဌေးကြီးနဲ့သူဌေးမကြီးစကားကိုထောက်ခံပါတယ်။ "

" ကျေးဇူးပါ သခင်ကြီးဝမ် ကျွန်မတို့ကိုလည်းပြန်ခွင့်ပြုပါအုံး ! စကားမဆပ် သခင်ကြီးဝမ်ရဲ့သာလေးဝမ်ရိပေါ်ရဲ့အကျင့်ကိုပြုပြင်စေချင်ပါတယ်။ဒီတိုင်းသာဆက်သွားမယ်ဆို သခင်လေးဝမ်ကိုဘယ်သူမှနှစ်သက်မှာမဟုတ်ပါဘူး။ "

ဝမ်ရိပေါ် ဝမ်ရိပေါ် ဝမ်ရိပေါ် !!! သူများရဲ့အပြောဆိုခံရတဲ့အထိကို အရှက်ခွဲသွားတာပဲ။အဲ့လိုမျိုးပြောမှာသိလို့ ကိုယ်ကဆုံးမတော့လည်း ဒီကောင်ဝမ်ရိပေါ်ကနားမထောင်တဲ့အပြင်အမြဲလုပ်ချင်ရာတွေပဲလုပ်တယ်။တဇွတ်ထိုးလုပ်ပြီးတစ်ကိုယ်ကောင်းဆန်တဲ့အကျင့်ကိုဖျောက်လို့မရပါလား?အငယ်ဆုံးသားဆိုပြီးအလိုလိုက်ထားမိတာ အခုသူအမှားကြီးမှားပြီးလား။အခုလို​သူများတွေကပြောတော့ ဝမ်ရိလင်မှာပြုံးပြုံးကြီးကြီးနဲ့ပြောပါမယ်ဟုခေါင်းညိမ့်နေရတာအကြိမ်အကြိမ်ရှိပြီ။ဝမ်ရိပေါ်ဆိုတဲ့ကောင်ကအရှက်ခွဲဖို့ပဲသိတာလား။လီအိမ်တော်ကသခင်ကြီးနဲ့သခင်မကြီးပြန်တော့မှ ဝမ်ရိပေါ်ကဆိုင်ကယ်သော့ကိုလက်ထဲကိုင်ထားကာလေချွန်ရင်းအောက်ထပ်ကိုဆင်းလာတော့ ဝမ်ရိလင် စိတ်တွေကိုလျှော့ထားရတယ်။

သားယောင်္ကျားလေးရှိတာအားကိုးရမယ်မှတ်နေတာ၊အပျော်းပါပဲလိုက်နေတော့ ဘယ်နေရာအားကိုးရမှာလဲ?အလုပ်ပိတ်ပြီဆိုတာနဲ့ဝမ်ရိပေါ်ကတော့ သူ့သူငယ်ချင်းတွေနဲ့တစ်နေ့ကုန်အလေလိုက်ပြီးမှ အိမ်ကိုတစ်နာရီထိုးမြှပန်လာသည်။တစ်ခါတစ်လေဆိုအရက်ပုလင်းကိုင်ပြီးပြန်လာတာ၊အရက်ပုလင်းယူမလာပါနဲ့လို့ပြောထားရဲ့သားနဲ့ အရက်ပုလင်းကိုယူလာပြတာ။အိမ်တော်ကအစေခံတွေကလည်း ဝမ်ရိပေါ်ကအကြောင်းကိုသိတော့ ဝမ်ရိပေါ်ပြောတဲ့အတိုင်းသာ ခေါင်းညိမ့်ကာလိုက်လုပ်ရတယ်။ဝမ်ရိပေါ်ကသူအလိုမကျရင်တောင်အိမ်ကအစေခံတွေကိုတောင်တစ်ယောက်ပြီးတစ်ယောက်အလုပ်ဖြုတ်ပစ်တာ။ဒီလိုမျိုးမကောင်းတဲ့သားကိုမှ သူဘာတွေများတွေးပြီး ဝမ်ကုမ္မဏီမှာceo ရာထူးကိုခန့်ပေးထားမိရတာလဲ???

My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)Where stories live. Discover now