Ep_5

1.8K 116 4
                                    


Zawgyi

" ဘယ်ချိန်ရှိပြီလဲ? ဝမ်ရိပေါ်။ "

ဆိုဖာပေါ်မှာသတင်းစာဖက်နေတဲ့ပါးကသတင်းစာကိုစားပွဲပေါ်ချကာ မတ်တပ်ထရပ်ကာ ဆုံးမခန်းတွေဝင်တော့မယ်ဆိုတာ ရိပေါ် သိသည်။နားမထောင်ရင်လည်း အပြစ်ကလာပြောအုံးမယ်။ဝမ်အိမ်တော်ကိုစရောက်ပြီဆိုတည်းက အိမ်မှာကပ်မနေချင်လောက်အောင်ထိ ပါးကအမြဲတမ်းနားငြီးစပြောတာအခုချိန်ထိပဲ!!! ဝမ်အိမ်တော်ကနေသူမရှိတဲ့အချိန်တွင်း ကျဲကများ ပါးကိုဘယ်လိုသည်းခံလည်းမသိဘူး။သမီးမိန်းကလေးဆိုတော့ ဖခင်ကမကောင်းရင်းနေပါစေ၊သိတက်မှု၊ယဉ်ကျေးမှုဆိုတာအလိုလိုရှိကြတာပဲလေ။

အမှန်ပြောတာ၊ရိပေါ်တို့ရဲ့ပါးကတကယ်ဖခင်ကောင်းမပီသဘူး။မားဆုံးပြီးတည်းကမိန်းမတစ်ယောက်ခေါ်တယ်၊တစ်ညအိမ်ပေါ်ခေါ်တင်တယ်၊မနက်ဖြန်ကျလည်းမိန်းမအသစ်ခေါ်ပြီး အိမ်ပေါ်ထပ်တင်တယ်။အဲ့လိုလုပ်လာတာအကြိမ်အကြိမ်အခါအခါရှိပြီ!!! တကယ်ကိုပါးလို့မပြောရဲအောင်စိတ်ပျက်လွန်းလို့ ပါးကိုတည့်ပြောသည်။ကိုယ်ကတည့်သမား၊ဝေ့ဝိုက်ပြီးပြောတက်တာမဟုတ်လို့တည့်ကြီးပဲပြောချတော့ ပါးနဲ့ခဏတိုင်းရန်ဖြစ်ရတယ်။ကျဲကတော့ ပါးနဲ့သူရဲ့ကြားမှာ ရန်မဖြစ်ဖို့ခဏခဏဝင်ပါနေရတယ်။

တကယ်ကျကျဲကလည်းအနေအေးတယ်၊အရမ်းလိမ္မာတယ်၊ပါးကမကောင်းလည်းပါးစကားနားထောင်တယ်၊ကျဲကိုယောင်္ကျားပေးစားတာအသက်၄၀အရွယ်လူကြီးနဲ့ပေးစားတာတဲ့လေ။ဘာလို့ပေးစားလဲဆိုရင်အဲ့ဒီလူကသိပ်ပိုက်ဆံချမ်းသားလို့တဲ့!!! သို့သော်ငြား ကံမကောင်းစွာဖြင့် အဲ့ဒီလူကြီးကကားတိုက်ပြီးဆုံးသွားတော့ ကျဲကသူ့ရဲ့ကလေးနဲ့ကျန်ရစ်ခဲ့တယ်။ကျဲရဲ့၅နှစ်အရွယ်သာရှိတဲ့သမီးလေးကို ရိပေါ်ကိုယ်တိုင်ဉီးလေးတစ်ယောက်ပီပီ စောင့်ရှောက်ပေးသည်။

" ၁၁ပဲရှိသေးတယ်လေဗျာ ! "

စိတ်ပျက်စွာဖြင့်ပြန်ဖြေလာတဲ့သားဝမ်ကြောင့် ဖခင်ဖြစ်တဲ့ဝမ်ရိလင်မှာ နှုတ်ကနေတောက်ခေါက်လိုက်မိတယ်။နာရီများမကြည့်တက်တာလား! တမင်များရွဲ့ဖြေတာလားမသိ၊၁၂တောင်ခွဲပြီးသွားပြီကို ၁၁ပဲရှိသေးတယ်လို့ပြောတော့ အလွန်အံ့ဩမိသည်။

My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)Where stories live. Discover now