Ep_10

2.6K 158 6
                                    


Zawgyi

ဖုန်းထဲကနေ တီဆိုပြီးထမြည်းလာတာကြောင့် မုန်ကိုပလုတ်ပလောင်းစားရင်းကနေ ရပ်ကာ ဖုန်းဖွင့်ကြည့်လိုက်တယ်။ဝမ်ကုမ္မဏီ Group chat ကနေလက်ထောက်ဝန်ထမ်းတစ်ဉီးက ရှောင်းကျန့်ကိုအ
မိန့်စာအရှည်ကြီးရေးကာ ထုတ်ပြန့်ထားတယ်။ceo ဝမ်ကိုမထီမဲ့မြင်အကြိမ်ကြိမ်ပြုမှုတဲ့အတွက် အလုပ်ကိုတစ်ပတ်တိတိမလာဖို့ ရေးကာ ပြောထားတော့ ရှောင်းကျန့်က ဖုန်းပိတ်ကာ စားပွဲပေါ်ပြန်တင်လိုက်သည်။

သူအလုပ်ထွက်ပါမယ်ဆိုမှ အဲ့ဒီဝမ်ရိပေါ်ဆိုတဲ့ကောင်ကအလုပ်ထွက်မခိုင်းပဲ အလုပ်ကိုတစ်ပတ်တိတိနားခိုင်းထားတော့ ဘယ်ကနေ ပိုက်ဆံသွားရှာရတော့မှာလဲ!?

ဒေါက် ဒေါက်
ဒေါက် ဒေါက်

တံခါးကိုအဆက်မပြတ်ခေါက်ထုနေသောကြောင့် ရှောင်းကျန့်က ထိုင်ရာကနေထပြီး တံခါးအနားသွားကာ တံခါးထဖွင့်လိုက်ပေးမိတယ်။ရှေ့မှာမြင်ရသောသူကြောင့် ရှောင်းကျန့် ခေါင်းထဲအတွေးပေါင်းစုံအပြည့်!? သူ ဒီမှာနေတယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ!? စုံစမ်းတာများလား!?

ရှေ့မှာမြင်ရသောသူဟာအခြားသူစိမ်းတစ်ယောက်မဟုတ်ပဲ တစ်ချိန်က ရှောင်းကျန့်သိပ်ချစ်ရတဲ့ ရှောင်းကျန့်ရဲ့အရင်ခင်ပွန်းဟောင်းဝမ်ရိပေါ်ဆိုသည်မှာလည်းမမှားပေ။အခုလက်ရှိမှာတော့ ဝမ်ရိပေါ်ကကိုယ့်ရဲ့အထက်လူကြီးဖြစ်နေသည်။အတိတ်ကအတိတ်ပဲလေ ဟုတ်တယ်မလား။

" အနောက်ကနေဘာဖွတ်ထားတာလဲ ဝမ်ရိပေါ် "

ထိုသို့ပြောတော့ ဝမ်ရိပေါ်ကသူဖွတ်ထားတဲ့အရာလေးကို ရှောင်းကျန့် ရှေ့ထုတ်ပြလိုက်တော့ နှင်းဆီပန်းအစည်းကြီးဖြစ်နေသည်။ဒီနှင်းဆီပန်းအစည်းလိုက်က ဘယ်သူ့အတွက်လဲ!? မဟုတ်မှလွဲ သူ့အတွက်များလား!?

" အတွင်းရေးမှုးရှောင်းကနှင်းဆီပန်းကြိုက်တယ်ဆိုတော့ ကျွန်တော်ဝယ်လာတာ! "

ဟင် ဝမ်ရိပေါ်အပြောကြောင့် ရှောင်းကျန့်တစ်ကိုယ်လုံးကြက်သီးထရုံတင်မကပဲ ဖျားတောင်ဖျားချင်သွားသည်။ဒီအပြုမှုက? အရင်ကအပြုမှုနဲ့တိုက်ဆိုင်သလားပဲ! ဝမ်ရိပေါ်ရဲ့လက်ထဲမှာကိုင်ထားတဲ့နှင်းဆီပန်းအစည်းကြီးကို စူးစိုက်ကြည့်ရင်း ရှောင်းကျန့်ခေါင်းထဲအတိတ်ကဖြစ်ရပ်တစ်ခုဝင်လာသည်။

My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)Where stories live. Discover now