Ep_17

1.9K 119 9
                                    


Zawgyi

" မင်းကအတွင်းရေးမှုးရှောင်းကျန့်မလား။ "

ဝမ်ကုမ္မဏီနဲ့အတူလက်တွဲကာပူပေါင်းဆောင်ရွက်မယ်ဆိုတဲ့သူဌေးကြီးက ရှောင်းကျန့်ကိုစကားစပြောတော့ ရှောင်းကျန့်လည်းအလိုက်တစ်သိ ခေါင်းလေးညိမ့်ကာ ဟုတ်ပါတယ်ဗျ ဟု ပြုံးပြုံးလေးပြောလိုက်တယ်။အခုပူပေါင်းဆောင်ရွက်မယ့်သူဌေးကြီးကအသက်၅၀အရွယ်ခန့်ဆိုပေမယ့် တစ်ကိုယ်တော်လူပျိုကြီးအဖြစ်ဘဝကိုရပ်တည်ရင်း သိပ်ကိုချမ်းသာသည်။သူဌေးကြီးရဲ့အကြောင်းကိုအသေးစိတ်တော့မသိပေမယ့်၊သူဌေးကြီးကနှစ်စဉ်နှစ်တိုင်းအလှူတန်းပြုလုပ်ကာ သဘောလည်းကောင်းတယ်ဟုကြားသိထားရတယ်။ရှောင်းကျန့်ဘေးမှာမတ်တပ်ရပ်နေတဲ့ဝမ်ရိပေါ်က သူဌေးကြီးနဲ့လက်ချင်းချိတ်ကာနှုတ်ဆက်စကား ရယ်ရယ်မောမောပြောတယ်။

" ဉီးလေးကြီးကအသက်၅၀ဆိုပေမယ့်တော်တော်နုပျိုတယ်နော်။ကျွန်တော်အခုလို ဆုံတွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ။ကျွန်တော်တို့နဲ့အတူတူပူပေါင်းဆောင်ရွက်ရမှာဆိုတော့ ကျွန်တော်ဘက်လိုအပ်ချက်ရှိရင်​ဉီးလေးတစ်ယောက်ပီပီ သင်ကြာပေးပါအုံးခင်ဗျာ။ "

ဝမ်ရိပေါ်တို့များပြောသာပြောရတယ်ဆိုပေမယ့်၊လှုမှုဆက်ဆံရေးတော့သူ့ဟာနဲ့သူကောင်းတယ်၊ပြီးတော့ အရည်ချင်းကလည်းရှိတဲ့အပြင် စီးပွားရေးမှာလည်းထက်မြတ်တယ်ပြောရမယ်။အရင်လိုကလေးစိတ်မဟုတ်တော့ပဲ အရာရာအတိုင်းတိုင်းကိုသေသေချာပြတ်ပြတ်သားသားစဉ်းစားပြီးဆုံးဖြတ်နိုင်တာကိုတော့ ရှောင်းကျန့်ဝမ်းသာမိပါတယ်။ဝမ်ရိပေါ်ကအလုပ်လုပ်ပြီးဆိုရင် အဲ့အလုပ်ပေါ်မှာအာရုံစိုက်ကာ သေချာဂရုစိုက်လေ့ရှိတယ်လို့ပြောရမယ်။တစ်ခါတစ်လေကျလည်း ဝမ်ရိပေါ်ကသဘောကောင်းတယ်၊အမြဲတမ်းကြီးတော့မဟုတ်ပေမယ့်ပေါ့လေ။

" ဟုတ်ပါပြီဗျာ ဒါဆိုဆွေးနွေးကြတာပေါ့ ! "

ဉီးလေးကြီးကဖော်ဖော်ရွေရွေဆက်ဆံတော့ ရိပေါ်ကခေါင်းညိမ့်ကာ ဉီးလေးကြီးနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးစီးပွားရေးဆွေးနွေးနေသည်။ရှောင်းကျန့်ကထောင့်တစ်နေရာလေးမှာထိုင်နေပြီးတော့သာ ဝမ်ရိပေါ်ကိုစောင့်နေရတယ်။

My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)Where stories live. Discover now