ZawgyiFlashback
တိုင်မှာကပ်ထားတဲ့နာရီကို ရှောင်းကျန့်မှာခဏခဏစိုက်ကြည့်နေမိသလို လူကလည်းအိပ်ငိုက်လာသည်။အခုတစ်လောဝမ်ရိပေါ်ကခြေလမ်းတွေပျက်နေသည်၊အိမ်ကိုလည်းအမြဲနောက်ကျမြှပန်လာတယ်။မနေ့ကဆိုတစ်ညလုံးအိမ်ပြန်မလာဘူး၊ပြီးတော့လည်း သူနဲ့ထိပ်တိုက်တွေ့ရင်သွားစရာရှိတယ်ဆိုပြီးအမြဲရှောင်နေတာ။ရှောင်းကျန့်ကလည်းအခုမှဆေးရုံဆင်းတာဖြင့်မကြာသေးတာကြောင့် ဝမ်ရိပေါ်ကိုရင်တွေအများကြီးဖွင့်ပြီးအားကိုးတစ်ကြီးငိုချင်မိတယ်။ကလေးပျက်ကျသွားတည်းက ရှောင်းကျန့်မှာဆေးရုံတက်ရတဲ့တစ်လျှောက် စားမဝင်အိပ်မပျော်ဆိုပေမယ့် ဝမ်ရိပေါ်က အမြဲဂရုစိုက်ရှိနေပေးသည်။အခုဆေးရုံကနေအိမ်ကိုပြန်ရောက်တာဖြင့်ရက်ပိုင်းပဲရှိသေးတယ်ဆိုပေမယ့် ဝမ်ရိပေါ်ကအရင်လိုမဟုတ်ဘူး၊အရမ်းပြောင်းလဲသွားတယ်။
တစ်ကုတင်တည်းမှာအတူတူအိပ်နေရင်တောင် ဝမ်ရိပေါ်ကိုအခြားလူတစ်ယောက်လိုခံစားမိတာအမှန်။ဝမ်ရိပေါ်ကတကယ်ကိုအေးတိအေးစက်ကြီးဖြစ်သွားတာ၊အနားမှာလည်းမနေပေးတော့ဘူး။ခါတိုင်းဆိုအနားမှာရှိနေပေးတာကို ဘာလို့အခုကျမှအနားမှာမရှိတော့တာလဲ!? ဟိုတစ်နေ့အပြင်ကိုလမ်းလျှောက်ကာလေညှင်းခံထွက်နေတုန်း ဝမ်ရိပေါ်ကိုအခြားမိန်းကလေးတစ်ယောက်နဲ့ မြင်ခဲ့တယ်။အရင်လိုမပွေရှုပ်တော့ပါဘူးလို့ပြောပြီး နောက်တစ်ယောက်ကိုတွဲရတာလဲ!? အင်းပေါ့လေ ဘာပဲဖြစ်ဖြစ် မောင်ကသူ့တစ်ယောက်တည်းကိုပဲချစ်တာပါတဲ့ကျန်တဲ့သူတွေကိုအပျော်လို့ပြောထားတဲ့မောင့်စကားကြောင့် ရှောင်းကျန့်မှာ ကိုယ်ကိုယ့်ကိုယ်ဖြေသိမ့်နေရတာအကြိမ်အကြိမ်အခါခါ။
ဘုန်းခနဲတံခါးကိုခြေထောက်နဲ့ဆောင့်ကန်ပြီးဝင်လာတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်မှာလန့်သွားကာဘယ်ဘက်ရင်ဘတ်ကိုလက်ကလေးဖြင့်အသာလေးဖိထားလျှက်။မောင်ရဲ့ဂျာကင်အင်္ကျီကိုကူချွတ်ပေးကာဂျာကင်အင်္ကျီကို ချိတ်ထားပေးလိုက်သည်။
အရက်နံကလည်းမွှန်းထူနေတာပဲမောင်ရယ် ဟု ရှောင်းကျန့် စိတ်ထဲကနေပြောလိုက်မိသား!!!
YOU ARE READING
My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)
FanfictionI only write Yizhan !!! so If you don't like it, you can skip it