Ep_26

1.6K 87 3
                                    

Zawgyi

" သမီးမိုက်!!!! "

ဝမ်ရိပေါ်ကိစ္စကိုသိရဲ့သားနဲ့သူ့ကိုတောင်မပြောပဲလျှိုဝှက်ထားပေးတာ၊ဘယ်လောက်စိတ်တိုစရာကောင်းလိုက်လဲ???သူသာဒီတိုင်းနေရင်ဘာမှသိမှာမဟုတ်ပဲငတုံးတစ်ယောက်ဖြစ်နေမှာ။အခုသူ့ဘာသာစုံစမ်းလိုက်တာ စိတ်ပျက်စရာကောင်းတဲ့အကြောင်းတွေကို ကြားရတော့တာပဲ။ဝမ်ရိပေါ်မလိမ္မာလို့ သမီးဝမ်ချင့်ယိများလိမ္မာပါတယ်မှတ်ထားတာ၊ဘယ်ဟုတ်မလဲ သူကပါဝမ်ရိပေါ်ကိုလမ်းမှားရောက်စေအောင်နည်းလမ်းတွန်းပို့ခဲ့တယ်။

ဒါမှားယွင်းတဲ့လုပ်ရက်တစ်ခုကိုအားပေးတဲ့အစ်မဖြစ်သူကို သူ့ဘဝမှာအခုမှမြင်ဖူးတော့တယ်။ဒါကိုအစ်မကောင်းပီသတယ်တဲ့လား။

အရိုက်ခံလိုက်ရတဲ့ပါးပြင်ကိုလက်တစ်ဖက်ဖြင့်ကိုင်ထားရင်းပါးကိုကြည့်လိုက်တော့ပါးကဘယ်လောက်စိတ်တိုနေလည်းဆိုတာ သူမမြင်နေရတယ်။ပါးကအမြဲတမ်းပါးဖြစ်ချင်တာပဲသိတယ်၊ဝမ်လေးကလည်းတကယ်ကျလိမ္မာပါတယ်၊ပါးဖြစ်ချင်တာတွေ၊လုပ်ခိုင်းတာတွေကို ဝမ်လေးကဘာတစ်ခွန်းမှအတွန့်မတက်ပဲအမြဲနားထောင်ခဲ့တာလေ။အခုပါးကဝမ်လေးကိုသူမချစ်တဲ့မိန်းကလေးနဲ့အတင်းဖိအားပေးပြီးလက်ထပ်ခိုင်းတာကတော့ လွန်တယ်မဟုတ်ဘူးလား။

ကိုယ့်မချစ်တဲ့လူတစ်ယောက်ကိုလက်ထပ်လိုက်ရတာကဘယ်လောက်ခက်ခဲပြီးအရမ်းမွန်းကျပ်တယ်ဆိုတဲ့ခံစားချက်ကိုပါးနားမလည်ဘူး။အခုဝမ်လေးကိုလည်းသူမလိုမျိုးမဖြစ်စေချင်လို့ လက်မထပ်စေချင်ဘူး။

" ပါး တစ်ခါလောက်တော့ဝမ်လေးချစ်တဲ့လူနဲ့လွတ်လွတ်လပ်လပ်နေထိုင်ချင်တာကိုခွင့်ပြုပေးလိုက်ပါ။ကိုယ့်မချစ်တဲ့သူကိုလက်ထပ်ရတာဘယ်လောက်ခံစားရလည်းဆိုတာပါးသိရဲ့လား။ "

ချစ်တဲ့လူနဲ့တောင်လာပြောနေတယ်။သူချစ်တဲ့လူကဖြင့်မိန်းကလေးမဟုတ်ပဲ၊ယောင်္ကျားလေးဖြစ်နေတော့သူကဘယ်လိုလုပ်ခွင့်ပြုပေးနိုင်ရမှာလဲ?ဘယ်လိုစိတ်နဲ့ခွင့်ပြုပေးရမှာလဲ????လူကြားထဲမှာရှက်စရာဖြစ်မယ့်ကိစ္စမျိုးကို ခွင့်ပြုပေးဖို့ဆိုတာပြောရဲတယ်။

My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)Where stories live. Discover now