Zawgyiအလုပ်ကိုအာရုံစိုက်ကာလုပ်နေစဉ်အဆင်သင့်ဖျော်ထားတဲ့ကော်ဖီပူပူလေးကို အလုပ်စားပွဲပေါ်တင်လာသောသူကြောင့် ရှောင်းကျန့်ကဘယ်သူများဖြစ်မလဲလို့မော့ကြည့်မိတော့ ceo ဝမ် ရိ ပေါ် ဖြစ်နေတယ်။ဒီကော်ဖီကသူဖျော်ပေးထားတဲ့ကော်ဖီမလား?အရသာပြန်ပြင်ခိုင်းဖို့ လာပြောတာများလား။အတွေးပေါင်းစုံ ခေါင်းထဲနေရာယူစဉ် ဝမ်ရိပေါ်နှုတ်ကနေ ပြောလာသောစကားတစ်ခွန်း။
" မင်းအတွက်ကော်ဖီဆိုင်ကနေကော်ဖီပူပူလေးဝယ်လာပေးတာ။ကျွန်တော်အထင်မင်းအလုပ်ကိုအာရုံစိုက်လုပ်နေတာရပ်ပြီး နားသင့်တယ်ထင်တယ်။ "
လာပြန်ပြီ ! အဲ့လိုမျိုးလူအပေါ်ကောင်းကောင်းမွန်မွန်ကြင်ကြင်နာနာဆက်ဆံပြတာက ဝမ်ရိပေါ်ရဲ့စတိုင်မဟုတ်ဘူး! ဝမ်ရိပေါ်စတိုင်ကလူကိုစိတ်အနှောက်ယှက်ဖြစ်တဲ့အထိ ဒုက္ခလိုက်ပေးတက်တဲ့ကောင်။အခုလိုမျိုးချိုချိုသာသာဆက်ဆံတာက သူ့ဆီကနေ ဝမ်ရိပေါ်ကဘာများလိုချင်တာလဲ?မဟုတ်မှလွဲ ကော်ဖီထဲ အိပ်ဆေးတွေခက်ထားတာများလား???
" အတွင်းရေးမှုးရှောင်း! မင်းဘာတွေတွေးနေတာလဲ မင်းကော်ဖီပူပူလေးကိုသောက် ~ "
ပြောရင်းတန်းလန်း ရှောင်းကျန့်အပြုမှုကြောင့် ရိပေါ်ပြောစရာတွေပျောက်သွားသည်အထိကို အံ့ဩသွားတယ်။ကော်ဖီဘူးကိုအမှိုက်ပုံးထဲသွန်းပစ်လိုက်တော့ ဒေါသကထွက်သွားသည်။နာမည်ကြီးတဲ့ကော်ဖီဆိုင်ကနေ မတ်တပ်ရပ်ပြီးတန်းစီးကာ စောင့်ပြီးကော်ဖီဝယ်လာပေးတာကိုအခုလိုမျိုး ကော်ဖီကိုသွန်းပစ်တယ်ဆိုတော့ ဘာသဘောလဲ?
" ကော်ဖီထဲသကြားပါတယ်ထင်လို့ အမှိုက်ပုံးထဲသွန်းလိုက်တာပါ ceo ဝမ်။ "
လိမ်တာ!
" ဟာ အတွင်းရေးမှုးရှောင်း မင်းကော်ဖီကိုသောက်တောင်မသောက်ရသေးပဲနဲ့ သကြားပါတယ်ဆိုတာဘယ်လိုသိတာလဲ ဟမ် ? "
" ကော်ဖီတိုင်းမှာသကြားပါတယ်လေ ceo ဝမ်မသိဘူးလား။ "
" မင်းသကြားမကြိုက်မှန်းမသိလို့ ကျွန်တော်သကြားမထည့်ခိုင်းထားဘူးလေ။ "
အကွက်တွေ၊သေချာတယ်၊ဒါကဝမ်ရိပေါ်ရဲ့မကောင်းတဲ့အကွက်တွေထဲကအကွက်တစ်ခု။ရှောင်းကျန့်ဆိုတဲ့သူက လွယ်လွယ်နဲ့ဝမ်ရိပေါ်ရဲ့အကွက်ထဲနှစ်မြောသွားလို့မဖြစ်ဘူး။အရင်ကဝမ်ရိပေါ်အကြောင်းမသိခင်ဝမ်ရိပေါ်ရဲ့အကွက်တွေထဲမှာနှစ်မြောသွားမိတာအမှန်။အခုတော့ဒီတစ်ခါ ဝမ်ရိပေါ်အကွက်ထဲလုံးဝနှစ်မျှောသွားလို့မရဘူး၊ဒီတစ်ခါသူကိုယ်တိုင်နှစ်မျှောမိရင် သူကခွေးပဲ။
YOU ARE READING
My Ex Husband Is My Ceo!!!( ချစ်ရပါသောခင်ပွန်းဟောင်း)(Completed)
FanfictionI only write Yizhan !!! so If you don't like it, you can skip it