ch 61

146 36 1
                                    

အခန်း ၆၁

[ချန်ခိုင်: ချန်ချန် နိုးနေပြီ၊ မနေ့ကအတွက် ကျေးဇူးအများကြီးတင်ပါတယ်ကွာ  လျန်ရှီရာ 】

သတင်းရသောအခါ  လျန်ရှီ တစ်ယောက် လဲ့ချန်နှင့် စုကျောင်း ကို အဆင့်မြင့်ပေးရန် ဦးဆောင်နေလေသည်။

ဟုတ်ပါတယ်၊ စကား မပြောတဲ့  hostရဲ့ ပရိသတ်အုပ်စုတွေထဲမှာ စုကျောင်း လည်း အပါအဝင်ပင်။

သုံးရက်ကြာ ပျောက်ဆုံးနေသည့် ကင်းစောင့်ကို ထည့်မတွက်ရင် အိမ်ထဲတွင် နေထိုင်သူ သုံးဦးရှိကာ နှစ်ယောက်စလုံးက ဂိမ်းဆော့ နေသဖြင့် စုကျောင်း ရုတ်တရက် အထီးကျန်သွားသည်ကို ခံစားလိုက်ရသည်။

  ဒါ့ကြောင့် သူ ဘာမှမပြောဘဲ King of Gloryကို ချက်ချင်း ဒေါင်းလုဒ်လုပ်လိုက်၏။

ထို့ကြောင့် လျန်ရှီမှာ ငတုံး တစ်ကောင်ကို ဦးဆောင်နေတာကနေ  ငတုံး နှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလျက်။

  အကယ်၍ သူသာ အလွန်သန်မာခြင်းမရှိပါက၊ သူ  ဤ nood နှစ်ကောင်ကို ဆွဲခေါ်လာနိုင်မည် မဟုတ်ပေ။

ဂိမ်းကိုအနိုင်ရပြီးနောက် လျန်ရှီ WeChat  ကိုဖွင့်ခဲ့သည်။

[လျန်ရှီ: ရပါတယ်၊ မင်းလည်းကောင်းကောင်းအနားယူလိုက်အုံး။ 】

[ချန်ခိုင် : ငါ ချန်ချန် ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောခဲ့တယ်။ 】

ဖုန်းစခရင်ပေါ်က စကားလုံးတွေကို ကြည့်လိုက်တော့ လျန်ရှီ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

[ချန်ခိုင်: ဒီကလေးယူဖို့ သူ ဆုံးဖြတ်ထားတယ်။ သူနည်းနည်း နေပြန်ကောင်းလာဖို့ ငါတို့ရဲ့မင်္ဂလာပွဲကို နောက်လကိုရွှေ့လိုက်ပြီ၊ပြီးမှ မင်းကိုဖိတ်လိုက်မယ်။ 】

[လျန်ရှီ: ကောင်းပြီ။ 】

စကားအနည်းငယ်ပြောပြီး တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်လိုက်ကြသည်။

   လျန်ရှီ သူ့ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော ဖုန်း၏မျက်နှာပြင်ကို တိတ်တဆိတ် ကြည့်လိုက်၏။

"ဟေ့ လျန်ရှီ မြန်မြန်လုပ်၊ ငါနေ့ခင်းမှာ အတန်းရှိတယ်။"

လျန်ရှီ ပြန်ရောက်လာပြီး အခန်းဖော် နံပါတ် ၂ ကို စိုက်ကြည့်ကာ "စာကျက်ဖို့က အရေးကြီးတယ်၊ အတန်းသွား‌တက် တော့၊ ဘိုင်ဘိုင်"

Can't save the world  by pretending to be deadWhere stories live. Discover now