ch 62

126 28 0
                                    

အခန်း ၆၂

မုန့်ပို စွပ်ပြုတ်က စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုနှင့် ထုံးတမ်းစဉ်လာတစ်ခုသာဖြစ်ကြောင်း ကင်းစောင့်က ပြောကြားခဲ့သည်။ သရဲတစ္ဆေများက ၎င်းတို့ရဲ့အတိတ်ဘဝများကိုမေ့ပျောက်စေပြီးမှ လူဘဝကိုပြန်လည်ဝင်ရောက်လာမည့်လမ်းကိုသွားနိုင်မည်ပင် ။ တစ္ဆေက လူဝင်စားရာလမ်းသို့ စတင်ဝင်ရောက်သည့်အခိုက်တွင်၊ သူ အတိတ်ကို တဖြည်းဖြည်း မေ့လျော့လာခဲ့လိမ့်မယ်။

ဆိုရိုးစကားအတိုင်း သက်ရှိကမ္ဘာပေါ်ရှိ တစ်နေ့မှာ ငရဲ၌ တစ်နှစ်ဖြစ်သည်။

လျန်ရှီ နဲ့ လဲ့ချန် တို့ဟာ ဒီကောင်မလေးကို လူပြန်ဝင်စားဖို့လွှတ်လိုက်တာ  နာရီဝက်လောက်သာကြာ ခဲ့ပေမယ့် ထိုကောင်မ‌လေးအတွက်ကတော့ သူမဟာ မရဏကမ္ဘာမှာ ခုနစ်ရက်ကြာ တန်းစီနေခဲ့ပြိိီးပြီပင်။

သူမ လူ့လောကကို ပထမဆုံးပြန်ရောက်ချိန်မှာတော့  အနည်းငယ် စိတ်ရှုပ်ထွေးနေပါသေးသည်။ ခဏအကြာတွင် သူမက လူဝင်စားခြင်းသို့သွားရာလမ်းတွင် ပျောက်ဆုံးသွားခဲ့သော အမှတ်ရစရာများကို  ပြန်စဉ်းစားခံ့ပြီး သူမဘယ်မှာရှိသလဲ၊ သူမဘေးနားရှိ လူငယ်နှစ်ဦးမှာ မည်သူဖြစ်သည်ကို သတိပြန်ရသွားခဲ့သည်။

တစ္ဆေအမျိုးသမီးက စိုးရိမ်ပူပန်စိတ်ဖြင့်သူတို့ မျက်နှာကိုကြည့်ကာ "တစ္ဆေအရာရှိကြီးတို့၊ ကျွန်မ လူပြန်မဝင်စားနိုင်ဘူးလား!"

အချို့သော သရဲတစ္ဆေများက တန်းစီလျက်၊ တေးသီဟစ်အော်ကြပြီး ပျော်ရွှင်စွာ လူပြန်ဝင်စားကြမည်ဖြစ်သည်။ ရုတ်တရက် သူကတော့ မျက်စိတစ်မှိတ်အတွင်း လူ့လောကသို့ ပြန် ရောက်လာခဲ့သည်။

ဒါက ဘယ်လို အဓိပ္ပာယ်ရှိသလဲ။

လုံးလုံးရှုပ်ထွေးနေတာကြီးကို။

"သူ့ရဲ့ တကယ့်ဆန္ဒက သူ့အမေကိုတွေ့ချင်တာပဲ"

  ဆိုတာက မှန်လား မမှန်ဘူးလားဆိုတာ သက်‌ သေပြဖို့သက်သက်နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်က သူမကို မြေအောက်ကမ္ဘာကနေ  ပြန်ဆွဲထုတ်လိမ့်မယ်လို့ လျန်ရှီဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။

Can't save the world  by pretending to be deadWhere stories live. Discover now