ch 64

296 59 0
                                    

       

       
အခန်း ၆၄

လျန်ရှီ ကင်းစောင့်၏ စကားကိုကြားတော့ အံ့အားသင့်သွားပြီး "အဲ့ သဘောတရားကမှန်တယ်မဟုတ်လား?"

"ဒါ...အကုန်မှန်တယ်လို့ မဟုတ်ပေမယ့် မှားတယ်လို့တော့ မပြောနိုင်ဘူး။

  သခင်လေးဒီလိုပြောတာကို နည်းနည်းတော့ နားလည်ပါတယ်။

တကယ်တော့ ကျောင်းနန် ရဲ့ ပိုင်ဝူချန် ဖြစ်နေတာ နှစ်ရာနဲ့ချီနေပြီဆိုပေမယ့် အခုထိ အမှတ်တွေနဲ့ပတ်သက်ပြီး မပြောတတ်သေးဘူး။

အတိအကျ တွက်ချက်နည်းကိုတော့မသိပေမယ့် ငါသိတာက တကယ့်ကို ဆိုးဝါးလှတဲ့နတ်ဆိုးတစ်ကောင် မျိုးကို ဖမ်းမိရင် အမှတ်များများရလိမ့်မှာ ဖြစ်သလို လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ထားတဲ့ ဘဝမှာကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တဲ့အံ့ဖွယ်ဆရာဝန် တချို့ကို လူဝင်စား ခိုင်းလိုက်ရင် အမှတ်များများရလိမ့်မယ်"

      

      
ကင်းစောင့်က ရုတ်တရက် သဘောပေါက်သွားသည်- "လူဝင်စားမယ့်တစ္ဆေက နောက်ဘဝမှာ ပိုမိုကောင်းမွန်တဲ့ဘဝရှိလေလေ အမှတ်များ များလေလေ ဆိုလားပဲ၊ ဒါဆို အဓိပ္ပာယ်ရှိသား။"

ကင်းစောင့်က ပြောသလိုမကောင်းမှုများစွာပြုခဲ့သော နတ်ဆိုးများနှင့်  ကုသိုလ်ကောင်းမှုများဖြင့် တစ္ဆေများကို ကူညီပေးပါက အမှတ်ပိုရလိမ့်မည်ဖြစ်ကြောင်း နောက်ဆုံးတွင် နားလည်လာခဲ့သည်။ ထို့အပြင်၊ဝူရှီရဲ့ ယခင် ပိုင်ဝူချန် ၏ "လူဝင်စားခြင်းသီအိုရီ" လည်းရှိသေးတယ် မဟုတ်ပါလား။

ဒါပေမယ့် ရာထူးကြီးသော မြေအောက်တစ္ဆေအရာရှိတွေတောင်မှ စွမ်းဆောင်ရည်ရဲ့ တိကျတဲ့ algorithm ကို မသိဘူးလို့ သူမမျှော်လင့်ထားခဲ့ပါဘူး။

လျန်ရှီ က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်က

"ခင်ဗျားတို့ရဲ့ မရဏကမ္ဘာမှာ စည်းမျဉ်းစည်းကမ်းတွေ မရှိဘူးလား၊ မင်း ဒီကိစ္စတွေကို စည်းမျဥ်းစည်းကမ်းတွေအဖြစ် သေသေချာချာ စာရင်းပြုစုပြီး ဥပဒေကို လိုက်နာ တာမျိုးရောရှိရဲ့လား"

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now