ch 66

283 63 2
                                    

အခန်း ၆၆

  ကျောင်းနန်လမ်း ဟေးဝူချန်ကတော့ သူ့  ခင်ပွန်းငယ်လေးက သက်ရှိကမ္ဘာသို့ရောက်ပြီးနောက် သူ့အား မြက်ခင်းပြင်တစ်ခု လက်ဆောင်ပေးလိမ့်မည်ဟု မထင်ထားလောက်ပေ။

ကားပေါ်ရှိ အခြားလူသည် ကျောင်းနန်လမ်း ဟေးဝူချန် မဟုတ်သောကြောင့် လျန်ရှီ သက်ပြင်းချလိုက်သည်။
သူက မျက်လုံးများကို မှေးထားပြီး ဝမ်ကျိုးတစ္ဆေအရာရှိ နှင့် အလွန်နီးကပ်နေသော လူကို ဂရုတစိုက် ကြည့်လိုက်သည်။

      
ဤလူတွင် ယင်ချီ၏ အရိပ်အယောင် အရိပ်အယောင်များ ရှိနေသော်လည်း ယင်ချီ  သိပ်သည်းမှုကို ကြည့်လျှင် သူ တစ္ဆေနှင့် မတူဘဲ လူသားဖြစ်နိုင်သည်။ ယင်စွမ်းအင်ရဲ့ ရိပ်အယောင်မှာဝမ်ကျိုးတစ္ဆေအရာရှိနှင့် အချိန်အတော်ကြာ လုံးထွေးနေခြင်းကြောင့်  ကျန်ရစ် နေခြင်း ဖြစ်နိုင်သည်။

လူဖြစ်ရင် ပိုလွယ် လောက်မယ်။

"ဒီလောက်ဆို လုံလောက်ပြီ" ထပ်ကြည့်နေရင် ဇာတ်လမ်းထဲ မြောသွားလိမ့်မယ်။ လျန်ရှီက လဲ့ချန်ထံမှ မောင်းကို ယူလိုက်ပြီး ကင်းစောင့်ထံ ပြန်ပေးလိုက်သည်။

မောင်းမျာလည်း လဲ့ချန်၏ မှော်စွမ်းအားကို မရရှိတော့ဘဲ ၎င်း၏ မူလအသွင်အပြင်သို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။ ကင်းစောင့်က မောင်းကိုယူပြီး သူ့လက်ထဲမှာ ထည့်လိုက်၏။ ဒါပေမယ့် သူထည့်လိုက်တာနဲ့ မောင်းက သူ့အလိုလို ခုန်ထွက်လာပြီး မြေပြင်ပေါ် လဲကျသွားလေသည်။

ကင်းစောင့်: "ဟင်?"

မောင်းမှာ ရေဓာတ်ခန်းခြောက်သောငါးကဲ့သို့ လဲ့ချန်ရှိတဲ့ဦးတည်ရာဆီသို့ ခက်ခက်ခဲခဲ ရွေ့လျားကာ မြေပြင်ပေါ်တွင် နှစ်ကြိမ်ခနံ ပျံဝဲနေလျက်။

ငှက်ကောင်းများမှာ အသိုက်ဆောက်ဖို့ သစ်ပင်များကို ရွေးချယ်ရသလိုပါပဲ၊ စုကျိုးမြို့ရဲ့ သခင် ဟေးဝူချန် မှ မှော်အစွမ်းဖြင့် သူ့ကို ကျွေးမွေးပြီးနောက် ခြောက်သွေ့သော သဲကန္တာရသို့ ပြန်လာမလိုတော့ပေ။

"မင်းဘာလုပ်နေတာလဲ" ကင်းစောင့်က အောက်ကိုငုံ့ကာ မောင်းကို အပြင်းအထန် ကောက်ကိုင်လိုက်ပြီး သူ့ရင်ခွင်ထဲသို့ ကြမ်းတမ်းစွာထည့်လိုက်သည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now