ch 65

280 73 4
                                    

အခန်း ၆၅

ထူထပ်ပြီး များပြားလှသော ကျူပင်များကြားတွင် ယုန်ဖြူလေးတစ်ကောင်က သွက်လက်စွာ ပြေးလွှားနေခဲ့သည်။ ၎င်း၏ပုံသဏ္ဍာန်မှာ ရှည်လျားသောပေါင်းပင်များအကြား ပျောက်ကွယ်သွားကာ တစ်ခါတစ်ရံတွင် တွင်းများတစ်ခုပြီးတစ်ခု ထဲသို့ ဝင်သွားပြီး အခြားနေရာတစ်ခု၌ ပြန်ပေါ်လာတတ်ပါသည်။ ၎င်းက တွင်းသုံးနိုင်သည့် ယုန်တစ်ကောင်ဖြစ်နိုင်၏။

ဤယုန်ကို ပထမဆုံးအကြိမ်တွေ့သောအခါ လျန်ရှီနှင့် အခြားသူများကပါ ၎င်းမှာ ယုန်အစစ်မဟုတ်ကြောင်း သိလိုက်ကြသည်။

ယုန်တစ္ဆေပဲ။

အခု သူတို့ သုံးယောက်ဟာ ယုန်တစ္ဆေထက် အများကြီး ပိုမြန်ပေမယ့် ယုန်တစ္ဆေရဲ့ နေရာကို မှန်းဆလို့ မရသဖြင့် ခဏတာ လိုက်မမီနိုင်ကြပေ။ နှစ်ဘက်စလုံးက လွန်ဆွဲနေကြပြီး သုံးယောက်စလုံးရဲ့ မနီးမဝေးမှာ ရပ်နေခဲ့ကြ၏။

တစ်ချိန်တည်းမှာပင် ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် တစ်ကီလိုမီတာအကွာက ပန်းခြံငယ်တစ်ခု၌။

ညမိုးချုပ်ပြီဖြစ်၍ မီးတွေဖွင့်လာပြီပင်။ ညဘက်တွင် ပြေးလွှားနေသော လူငယ်အများစုမှာ နားကြပ်တပ်ကာ ပန်းခြံထဲတွင် ပြေးလွှားနေကြသည်။

မြက်ခင်းပြင်ဘေးရှိ အဖြူရောင်ခုံတန်းလေးပေါ်တွင် ထိုင်နေသော ဖြူစင်တဲ့ အသားအရည်နှင့်လူငယ်လေးရဲ့ တောက်ပသော မျက်လုံး များမှာ ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။
ဤလူငယ် အသွင်အပြင် မှာ အလွန်ပင်  မိန်းကလေးဆန်ကာ ဆွဲဆောင်မှုရှိသောမျက်လုံးများရဲ့ အဆုံး၊ နူးညံ့တဲ့  အနီရောင်မှည့်နီ လေးတစ်ခုရှိနေခဲ့၏

       

သူ့မျက်နှာက သိမ်မွေ့ပြီး ယခုခေတ်လူ့အဖွဲ့အစည်းမှာ ချောမောတဲ့ ယောက်ျားလေးတွေနဲ့ မတူဘဲ သူ့ကပိုပြီး မိန်းကလေးဆန်လှသည်။ အထူးသဖြင့်မျက်လုံးထဲတွင် တောက်ပနေကာ အလွန် ဆွဲဆောင်မှုရှိပါသည်။

သူက ဝမ်ကျိုး တစ္ဆေအရာရှိ မှတစ်ပါး အခြားသူမဟုတ်ပေ။

ညဘက် ပြေးလွှားနေသော လမ်းသွားလမ်းလာများမှယ ဤလူ ငယ်လေးကို တိတ်တဆိတ် စိုက်ကြည့်နေကြသည်မှာ အထင်ရှားပင်။ အရမ်းနူးညံ့တဲ့အတွက် ယောက်ျားလေးလား မိန်းကလေးလားဆိုတာ ပြောဖို့ခက်လှ၏။ ထိုလူငယ်က မျက်လုံးဖွင့်လိုက်သည်နှင့် သူ့မျက်ဆံများမှ အနီရောင်အလင်းတန်းများ လင်းလက်လာသည်ကို မမြင်လိုက်ကြပေ။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now