ch 69

200 39 3
                                    

အခန်း ၆၉

ဝမ်ကျိုး တစ္ဆေအရာရှိနှင့် သူ့ရဲ့ ချစ်သူဂျပန်အရာရှိကို မြေအောက်ကမ္ဘာသို့ စေလွှတ်ခဲ့သော်လည်း ကျောင်းနန်လမ်း ဟေးဝူချန်မှတ်တမ်းကိုတော့ ယူထားလိုက်ခဲ့သည်။

ကင်းစောင့်၏ ဖြူဖွေးကာ ဆူဖြိုးသော မျက်နှာက နားရွက်အထိ တက်ချိတ်လောက်သော အပြုံးဖြင့်  ဝမ်ကျိုး တစ္ဆေအရာရှိ ကျန်ရစ်ထားခဲ့သော ဟေးဝူချန်မှတ်တမ်း စာအုပ်ကို ရွှင်မြူးစွာဖွင့်နေရင်း

  “ဒီစာအုပ်  ကျွန်တော်တို့ဆီမှာ ရှိနေသရွေ့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်ရဲ့အနည်းဆုံး 10%လောက် ခွန်အားတွေ လျော့သွားလိမ့်မယ်။  "
သူပြောပြီးနောက် လျန်ရှီနဲ့ လဲ့ချန်အား
"သခင်လေးတို့ ဒါက မှော်လက်နက်တစ်ခုဖြစ်တာမို့ အနာဂတ်မှာ ကျွန်တော်တို့တွေ အမြတ်အစွန်းပိုများလာလိမ့်မယ်"

လျန်ရှီ က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ခင်ဗျား မှာဒါသာရှိရင် ခင်ဗျား ပိုသန်မာလာမှာလား"

ကင်းစောင့်က သူ့ရဲ့ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်တော့- "သေချာတာပေါ့ ဒါသာရှိရင်၊ သခင် လေးတို့ နှစ်ယောက်အတွက် တစ္ဆေတွေကို ပိုဖမ်းနိုင်လိမ့်မယ်!"

လျန်ရှီ ကင်းစောင့်ရဲ့ အတွေးကို အနည်းငယ်ကို တစ်ချက်ကြည့်လိုက်သည်။ ရိုးရိုးသားသားပြောရရင် ဒီ ဟေးဝူချန်မှတ်တမ်း က သူနဲ့ လဲ့ချန် အတွက် အသုံးမ၀င်ပေ။ အစကတည်းက လဲ့ချန် က စုကျိုးမြို့ရဲ့အဆင့် ကိုမြှင့်တင်ရန်အတွက် သရဲတစ္ဆေများကိုဖမ်းခဲ့ပြီး လျန်ရှီကတော့လဲ့ချန်ရဲ့မျက်နှာသာရရှိရန်နှင့် ရွှေရောင်အလင်းရရှိရန်အတွက်သာ နောက်မှ ဖောရှော လုပ်ခဲ့တာ ဖြစ်ရာ အခုလို အခြေနေထိ ရောက်လာခြင်းမို့ ဒိီလို လုပ်ဖို့အထိ လိုလို့လား....

   

တစ်လမှာ ယွမ်တစ်သန်း၊ ဘယ်သူက မလိုချင်ဘဲ ရှိမှာလဲ!!

       
သို့သော်လည်း ကင်းစောင့်နှင့် အခြားတစ္ဆေအရာရှိများအတွက်၊ ရွှေအစွန်းတစ်ရာက အမှိုက်သာသာ ဖြစ်ကာ ဝိညာဉ်ခေါ်သောအလံများနှင့် ကျောင်းနန် ဟေးဝူချန်မှတ်တမ်း တို့ကသာ တကယ့်ရတနာများဖြစ်သည်။

Can't save the world  by pretending to be deadWhere stories live. Discover now