ch 71(part 2)

283 64 0
                                    

နေဝင်ရီတရော မှိန်ပျပျအလင်းရောင်အောက်တွင် လူငယ်ချောချော လူငယ်လေးတစ်ယောက် လမ်းဘေးတွင် ရပ်ကာ လေးနက်သော အမူအရာဖြင့် သူတို့ကို ငြိမ်သက်စွာ ကြည့်နေခဲ့သည်။

ဒီလူက ဘယ်သူလဲ။

လီမိသားစု၏ အကြီးဆုံးသားက ခေါင်းညိတ်ကာ ဦးစွာပြောလိုက်သည်

  "ဟုတ်တယ် ငါက လီယုံသယ် ပါ။ မင်းက ငါ့အဖေကို သိတာလား"

သူ့ရှေ့က ရုပ်ကြမ်းကြမ်းနဲ့ ထွားကြိုင်းတဲ့လူ ကို ကြည့်လိုက်ရင်း လျန်ရှီရဲ့မှတ်ဉာဏ်ထဲမှာ သူကစားဖူးတဲ့ ကောင်လေးနဲ့ ချိတ်ဆက်မိဖို့ ခက်ခဲနေခဲ့၏။

သူက ညင်သာစွာ ခေါင်းညိတ်ပြီး "ဟုတ်တယ် ဦးလေးလီနဲ့ သိတယ်။ မင်းငါ့ကို မှတ်မိသေးလား တော့ မသိဘူး။ ငါက လျန်ရှီပါ၊ဟိုးအရင်က မင်းအိမ်နဲ့ တစ်ဖက်မှာ နေခဲ့တာ"

ခဏအကြာတွင်လီ မိသားစု၏ ဒုတိယမြောက်သားကသတိရသွားကာ

  "အိုး လျန်ရှီလား၊ ငါမှတ်မိပြီ ငါ့အဖေက မင်းအကြောင်းပြောခဲ့ဖူးတယ်။ ဒါနဲ့ဘာကိစ္စရှိလို့လဲ"

လျန်ရှီ: "၊ ဦးလေးလီ တကယ် မတော်တဆဖြစ်လို ဆုံးသွားတာလားဆိုတာ သိချင်လို့ပါ"

လီမိသားစုက ၎င်းအကြောင်းကို သိပ်ပြီးမစဉ်းစားဘဲ လျန်ရှီ က ၎င်းတို့၏ဖခင်သေဆုံးကြောင်းကို ကြားသိရသောအခါတွင် ၎င်းတို့နဲ့အတူ တရားမျှတမှုကို ရှာဖွေလိုသည်ဟု လိုရာဆွဲတွေးပြီး လီယုံရီ က ဒေါသတကြီးနဲ့

"ငါ့အဖေက ဒီဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပေမယ့် ခွဲစိတ်မှုက မအောင်မြင်ခဲ့လို့ ရုတ်တရက် ဖျားပြီး သေဆုံးသွားခဲ့တာ"

သူ့ရှေ့မှလူများ၏အမူအရာကိုကြည့်ရင်း လျန်ရှီ၏နှလုံးသားထဲရှိ သံသဃမြူမှုန်များက တစ်ဝက်တစ်ပျက် ပျောက်ကွယ်သွားခဲ့လေပြီ။

ဦးလေးလီ၏သေဆုံးမှုက သူ့သားများနှင့် ဘာမှမဆိုင်ကြောင်း၊ အမှန်တကယ် မတော်တဆဖြစ်လောက်သည်။

လျန်ရှီ : "မင်းတို့ဘယ်လိုဖြေရှင်းမှာလဲ"

လီယုံရီ က: "ဘယ်လိုဖြေရှင်းရမလဲ။ သွေးကြွေးကို သွေးနဲ့ပေးရမှာပေါ့၊ သူတို့ ငါတို့ကို ပြန်ရှင်းပြရမယ်!"

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now