Uni
💟နှလုံးသားခုံရုံးရဲ့အယူခံ💟
💟အပိုင်း ၁💟
ကုတင်ဖြူဖြူလေးထက်မှာ သတိုးသမီးဝတ်စုံလေးနှင့် အလှကြီးလှနေသော ပျိုမဒီ။
စည်း သူမလေးကို မျက်တောင်မခက်တမ်းငေးကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်လေး ပြုံးမိလိုက်လေသည်။ ဘဝမှာ တစ်ကြိမ်တစ်ခါမှ မချစ်ဘူးခဲ့တဲ့ နှလုံးသား အသစ်စက်စက်နှင့် ချစ်ခဲ့မိသည့် မိန်းကလေးက ကိုယ့်ထက် ၁၀ နှစ်ငယ်သည့် မိန်းကလေးတဲ့လား။
အဟွန့် ရယ်တော့ရယ်ရသား။ အခုလည်း သူမလေးရဲ့ မင်္ဂလာပွဲထဲမှ သူမလေးကို ခိုးယူလာသည့်သာ သိလေလျှင် အဘယ်မျှ ပေါက်ကွဲလိုက်မည်နည်း။ ကုတင်ပေါ်မှာ ဖြူလွှလွှ သတိုးသမီးဝတ်စုံလေးနှင့် သတိမရသေးသော သူမလေးကို ကြည့်ပြီး အသည်းယားလာသဖြင့် ပါးမို့မို့လေးကို ငုံ့နမ်းလိုက်မိသူက စည်း။
"ဒေါ်ငွေ ကလေးကို ခဏကြည့်ထားပေးဦးနော်၊ ကျွန်တော် ကုမ္ပဏီကို ခဏသွားဦးမယ်"
"သခင်လေးက မိန်းကလေး အနားမှာ မနေဘူးလား"
"ကျွန်တော် အစည်းအဝေးရှိလို့ ၊ ခဏလေးပဲ ပြန်လာမှာ၊ ကလေးကို သေချာဂရုစိုက်ပေးနော်"
"အေးပါကွယ် လူလေးရယ်"
ဖူးစင်းနေသော မျက်နှာလှလှလေးကို ခဏမျှ ငေးမောကြည့်ပြီး ခြေလှမ်းကျဲများဖြင့် သူ့ လှည့်ထွက်လာခဲ့သော။
မသွားချင် သွားချင်ဖြင့် ထွက်လာခဲ့ရသော သူ့ခြေလှမ်းတွေက လေးတွဲလျှက်ပင်။
💙💙💙ပျို မျက်ဝန်းတွေ ပွင့်လာတော့ အခန်းအပြင်အဆင်ကို ဝေ့ကြည့်လိုက်တော့ သူမ အခန်းမဟုတ်ပေ။
"ဟင် ဘယ်ရောက်နေတာလဲ ငါ၊ ကိုကို နဲ့ မင်္ဂလာဆောင်နေတာ မဟုတ်လား"
တစ်ယောက်ထဲ တွေးရင်း မျက်ဝန်းထဲပြန်မြင်လာသည့်က မာမီ။ မိတ်ကပ်ပြင်ပေးသည့် မာမီပေးသော လက်ကိုင်ပုဝါကို လှမ်းယူပြီး ချွေးတွေသုတ်လိုက်တာကို သတိရလိုက်သေးသည်။ ထိုနောက် သူမ သတိမေ့သွားသည့်က လွှဲ၍ ဘာတစ်ခုမှ သတိမရတော့ပေ။

YOU ARE READING
နှလုံးသားခုံရုံးရဲ့အယူခံ
Romance"ကိုယ့်မင်းကိုချစ်တာ မင်းဒယ်ဒီကို မုန်းနေတာနဲ့ မဆိုင်ဘူး ပျို။ မင်းက မင်းဖြစ်နေလို့ကို ကိုယ့်က ချစ်တာ" ကမ္ဘာစည်း "ပျို ဦး ကို မုန်းတယ်။ ပျို နှလုံးသားကိုအရုပ်ကလေးတစ်ရုပ်လို ဆော့ကစားခဲ့လို့ ဦး ကို မုန်းတာ" ပျိုမဒီ