Nephew-Extra-11
(စာအုပ်ထုတ်မယ် ပြောပြီးတော့ မထုတ်ဖြစ်တော့ပါဘူးနော်။ စာဖတ်သူတွေကို ချော့တဲ့အနေနဲ့ အပိုင်းသစ်လေး ၂ပိုင်း တင်ပေးထားပါတယ်နော်၊ နောက်ပိုင်း စာအုပ်ထုတ်ဖို့က မဖြစ်နိုင်တော့သလောက်ပါပဲနော်။ အဖြစ်မှန်က စွဲညို့က တအားကို ပျင်းလို့ တအား တအားကို လိုက်မလုပ်ချင်ပါဘူးလို့)
(ကလေး-၁)
ဒီနှစ်တွေအတွင်းမှာ ဂျီဂျီ ဆိုတဲ့ ကောင်လေးက သိပ်ကို ရင့်ကျက်လာတယ်။ မမကတောင်မှ ဦးမိုးသားကြည်စင် ဖြစ်လာပြီလို့ ဆိုလာတယ်။
သိပ်တော့ မသိသာပေမဲ့ ဒီနှစ်အတွင်းမှာ မမက သူ့သားဆီကို လုပ်ငန်းတွေ တဖြည်းဖြည်း လွဲပေးနေတယ်။ ဒါကို ဂျီဂျီက မသိတာ မဟုတ်ပေမဲ့ သူ့မာမီက ငယ်သေးတယ်လို့ ဆိုတယ်။
ကျွန်တော်ကတော့ ကျောင်းပြီးသွားကတည်းက အင်တာနေရှင်နယ် လောဖန်းတစ်ခုမှာ အလုပ်လျှောက်ထားလိုက်တယ်။ ဂျီဂျီက တစ်နေရာတည်းမှာ မဟုတ်ဘဲနဲ့ တခြားနိုင်ငံနဲ့ ကူးလူးသွားလာနေဖို့ ကြိုးစားတယ်လို့ အပြစ်တင်ပေမဲ့ နားလည်ပေးရှာလို့ တော်သေးတယ်။
ဒီလပိုင်းအတွင်း ဂျီဂျီက ကျွန်တော့်ကို အသက်ပိုကြီးလာတယ် ဆိုပြီးတော့ ကျန်းမာရေး စစ်ဆေးချက်တွေကို အမျိုးမျိုး လုပ်ဖို့ ကြိုးစားတယ်။ ဘာမှအရေးမပါတဲ့ ကိစ္စတွေတောင် ပါသေးတယ်။ ဒီဟာကို စစ်ဆေးတာက ကျောက်ကပ်နဲ့ ဆက်နွယ်နေလို့ပါ ဆိုတဲ့ အူကြောင်ကြောင် အကြောင်းပြချက်လည်း ပေးသေးတယ်။
အစပိုင်း ကျွန်တော် ငြင်းပေမဲ့ နောက်ဆုံးတော့ နေ့တိုင်း ဂျီကျနေတဲ့ သူ့ကြောင့်မို့ ကျွန်တော် လက်ခံလိုက်ရတယ်။ သိတဲ့အတိုင်းဘဲ ကျွန်တော်ဆိုတဲ့လူက ဂျီဂျီသာ တကယ်လိုချင်လာရင် မငြင်းဆန်နိုင်တဲ့သူလေ။
"မင်း ဒါကို ဘာလုပ်ဖို့ အသည်းအသန် ဖြစ်နေရတာလဲ ငါ့အသက်က ဒီလောက် ကြီးသေးတာမှ မဟုတ်တာ"
"ဘယ်လို မကြီးရမှာလဲ (၃၉) ဆိုတာက ငယ်တော့တဲ့ အရွယ် မဟုတ်တော့ဘူး၊ လေးငယ် ကျန်းမာမှ ကျွန်တော်က လေးငယ် လေယာဉ်စီးပြီး သွားလိုက် ပြန်လိုက် လုပ်တာတွေကို စိတ်ချနိုင်မှာပေါ့၊ လေးငယ် တခြားနိုင်ငံမှာ အလုပ်ဝင်တာကို ကျွန်တော်က ခွင့်ပြုထားပေးပြီလေ အပြန်အလှန်ပေါ့"
YOU ARE READING
Nephew
Romanceရေးသားသူ_စွဲညို့ Romance, BL လူတစ်ယောက်က လူတစ်ယောက်ကို ခံစားရသမျှ ရေးသီထားရုံလေးပါပဲ။