Nephew Extra-10
ဒီလတွေမှာ ကျောင်းကလည်း ပိတ်ထားတာမို့ အိမ်မှာပဲ နေဖြစ်တယ်။ အရင်အလုပ်အတွက် စီမံစရာ ရှိတာတွေ ကျန်သေးတာရယ် ကျောင်းလည်း ပြန်တက်ရဖို့ ရှိသေးတာမို့ အလုပ်မဝင်ဖြစ်သေးပဲနဲ့ ဂျီဂျီ့အနားမှာပဲ နေဖြစ်တယ်။ နဂိုတည်းက ကျွန်တော့်ကို သူ့အနားမှာပဲ ထားချင်နေတဲ့ ဂျီဂျီကတော့ ဒီအခြေအနေကို ကျေနပ်နေတယ်။
အနားမှာ နေတယ် ဆိုတာက တကယ့်ကို အနားမှာ နေတာပဲ ဖြစ်တယ်။ ဂျီဂျီ အလုပ်သွားရင် ကျွန်တော်ပါ လိုက်လာတယ်။ ပြီးတော့ မနက်စာ အတူတူစားတယ်။ နေ့လည်စာကျတော့ ဂျီဂျီက အားအား မအားအား အနားရောက်အောင်လာတယ်။ စားချင်တာကို ချက်ကျွေးတယ်။ ပြီရင် သူက အလုပ်ပြန်လုပ် ကျွန်တော်ကလည်း စာပြန်လုပ်..။
တစ်နေကုန်လုံး တစ်ခဏလေး အားရင်တောင် သူက အနားကို ပြေးလာရှာတယ်။ ဂျီဂျီ ဘယ်တုန်းက လူကို ဒီလောက်အထိ တွယ်ကပ်သွားတာလဲ ဆိုတာကို ကျွန်တော်တောင် စပြီးတော့ တွေးမိလာတယ်။ ဒါပေမဲ့ သူအနားမှာ ရှိနေတာကို အနေရမခက်ဘဲ ကျွန်တော် ကျင့်သားရလာတယ်။
အတွင်းရေးမှုး ခေါ်ဖို့ကို သူက မြန်မြန်ဆန်ဆန် အကောင်ထည် ဖော်လိုက်တော့ သူ့အတွက် အတွင်းရေးမှုး အဖွဲ့က ကျစ်ကျစ်လျစ်လျစ်နဲ့ ဖွဲ့ပြီးသွားတယ်။ မမကတော့ သူမပြောတုန်းက လက်မခံဘဲနဲ့ ကျွန်တော် ပြောမှ လက်ခံတယ် ဆိုပြီး သူမသားကို အပြစ်တင်လေရဲ့။
ဒီနေ့ကျတော့ မမက အိမ်ကို ခေါ်လိုက်တယ်။ မီးဖိုချောင်ထဲမှာ သားအမိနှစ်ယောက် ချက်ပြုတ်ကြမယ် ပြောလာတော့ သူတို့ သားအမိတွေ စကားပြောဖို့ ရှိတယ် ထင်ပြီး ကျွန်တော်နဲ့ ကိုနောင်က ဝိုင်တစ်ပုလင်းနဲ့ ခြံထဲမှာ ထိုင်နေကြတယ်။
ကိုနောင်က နဂိုတည်းက စကားနည်းပြီး စာအုပ်ဖတ်ရတာကို ကြိုက်တော့ ကျွန်တော်လည်း တိတ်ဆိတ်နေလိုက်တယ်။ ပြောရရင် ကိုနောင်နဲ့က ပြောဆိုဆွေးနွေးဖို့ရာ များတယ် ထင်ရပေမဲ့ တစ်ယောက်က တိတ်လိုက်ရင် ကျန်တစ်ယောက်က စပြောဖို့ ခေါင်းစီး ပျောက်သွားရတဲ့ အခြေအနေမျိုးမှာ ရှိတယ်။
YOU ARE READING
Nephew
Romanceရေးသားသူ_စွဲညို့ Romance, BL လူတစ်ယောက်က လူတစ်ယောက်ကို ခံစားရသမျှ ရေးသီထားရုံလေးပါပဲ။