Nephew Extra-9
သူက သူ့ကိုယ်ကို ညွှတ်ချလိုက်ပြီးတော့ ကျွန်တော့် ခြေထောက်တွေကို သူ့ခါးမှာ ချိတ်လိုက်တယ်။ ကျွန်တော် ထိတ်ခနဲ ဖြစ်သွားပေမဲ့ သူက လက်တစ်ဖက်နဲ့ ကျွန်တော့်ကို ထိန်းထားပြီးတော့ သူ လုပ်စရာရှိတာတွေကို လက်တစ်ဖက်နဲ့ ကို့ယို့ကားယား လုပ်ဖို့ ကြိုးစားနေတယ်။
"ဆင်းမယ်.."
ကျွန်တော် ပြောလိုက်တော့ သူက ကျွန်တော့်ပါးကို လည်ပြန်နမ်းရင်းက ပြောတယ်။
"လေးငယ်ကို မင်းသမီးလေးလို မချီနိုင်ပေမဲ့ ပိုးနိုင်ပါသေးတယ်.. ငြိမ်ငြိမ်နေ.. မဟုတ်ရင် ကျွန်တော်တို့ ညစာငတ် သွားလိမ့်မယ်.."
သူက တကယ်ကြီး ဘယ်လက်နဲ့ ကျွန်တော့်ကို ထိန်းပြီးတော့ ညာလက်နဲ့ ဟင်းချက်နေတယ်။ ကျွန်တော် နှုတ်ခမ်းက သူ့ဂုတ်ပိုး ဝင်းဝင်းနားမှာ။ အရင်လို ဆံပင်ကို ရှည်ရှည် မထားတော့ သူ့ဂုတ်သားက အကျႌစတစ်ကော်လံအထက်မှာ ထင်းရှင်းနေတယ်။ ရုတ်တရက် ကျွန်တော် နှုတ်ခမ်းတွေကို ဖွင့်ဟလိုက်ပြီးတော့.. ကိုက်လိုက်မိတယ်။
"အ.."
သူ့ဆီကနေ ညည်းညူသံ သဲ့သဲ့က ကျွန်တော့်သွေးတွေကို ဆူပွက်စေတယ်။ ကျွန်တော် သူ့နားရွက်ကို လျှာနဲ့ လျက်လိုက်တော့ သူ့တစ်ကိုယ်လုံး ဓာတ်လိုက်သလို တုန်ယင်သွားတယ်။ သူက သက်ပြင်းသဲ့သဲ့ ချလိုက်ပြီးတော့ မီးဖိုမီးကို ပိတ်လိုက်တယ်။ ကျွန်တော်ကို အောက်ကို ချလိုက်ပြီးတော့ ရေခဲသေတ္တာမှာ တွန်းကပ် လိုက်တယ်။
"လေးငယ်.. ကျွန်တော်.."
တုန်တုန်ယင်ယင် ဖြစ်နေတဲ့ သူ့အသံက သနားစရာ ကောင်းသလို မွတ်သိပ်နေတဲ့ ဟန်က ချစ်စရာ ကောင်းနေတယ်။ အဲဒါနဲ့ပဲ ကျွန်တော် မေးလိုက်တယ်။
"ငါ ညစာငတ်တော့မှာလား.."
ကျွန်တော် တိုးတိုးမေးလိုက်တော့ သူက ကျွန်တော့်ခါးကို သူ့ဘက်ကို ဆွဲလိုက်ပြီးမှ တီးတိုးပြောတယ်။
"လေးငယ်ကို ကျွန်တော် ငြိမ်ငြိမ်နေလို့ ပြောသားပဲ.. အခု.."
"အခု ဘာဖြစ်တာလဲ.."
ကျွန်တော် ထပ်မေးလိုက်တော့ သူက ညစ်ကျယ်ကျယ် ပြုံးလိုက်တယ်။
YOU ARE READING
Nephew
Romanceရေးသားသူ_စွဲညို့ Romance, BL လူတစ်ယောက်က လူတစ်ယောက်ကို ခံစားရသမျှ ရေးသီထားရုံလေးပါပဲ။