Nephew-Extra-13
မိုးမခကြည်စင်(၁)
ကျွန်တော့်နာမည်က မိုးမခကြည်စင်ပါ။ ဒက်ဒီရယ် ဖေငယ်ရယ် ကျွန်တော်ရယ်က မိသားစု ၃ယောက်ပါ။ ကျွန်တော့်မှာ အမေ မရှိပါဘူး။ အဖေနှစ်ယောက် ရှိပါတယ်။
မိုးမခကြည်စင် ဆိုတာက ကျွန်တော်က မိန်းကလေး ထင်ပြီးတော့ ဖေငယ် ရွေးပေးထားတဲ့ နာမည်ပါ။ ဖြစ်ချင်တော့ အာထရာစောင်းမှာ မိန်းကလေး ဖြစ်ပြီး ထွက်လာတော့ ကျွန်တော်က ယောက်ျားလေး ဖြစ်နေလို့ ကျွန်တော် မွေးလာပြီးတာနဲ့ တစ်အိမ်လုံးစာ အသုံးအဆောင်တွေ အကုန် ပစ်လိုက်ရတယ်လို့ ဒက်ဒီက ပြောပါတယ်။
မွေးလာကတည်းက ဖြုန်းတီးတာတဲ့။ ဟင်း... ပြောရရင် ကျွန်တော် ဝယ်ထားတာမှ မဟုတ်တာဗျာ။ ကျွန်တော်လည်း မဝယ်ဘူး။ ကျွန်တော်လည်း မသုံးလိုက်ရဘဲနဲ့ ကျွန်တော်က ဖြုန်းတီးတဲ့သူ ဖြစ်သွားတဲ့ကိစ္စကို ကျွန်တော် အသက်ကြီးလာတဲ့အထိကို နားမလည်နိုင်ဘူး။
အဘိုးနဲ့ အဘွားက ကျွန်တော့်ကို ထိန်းပါတယ်။ ပြီးတော့ ဖေငယ်ပေါ့။ တစ်မိသားစုလုံးမှာ ကျွန်တော် အကြောက်ဆုံးက ဒက်ဒီပါပဲ။
ကျွန်တော်က ဖေငယ်ကို ဖေငယ်လို့ ခေါ်ပြီး ဖေငယ်က ဒက်ဒီ့ကို လေးငယ်လို့ ခေါ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အိမ်မှာ အငယ်ဆုံး ဖြစ်ရဲ့သားနဲ့ ဘာလို့ ငယ်ဆိုတဲ့ စာလုံး မပါတာလဲလို့ မေးတော့ ဖေငယ်က ရယ်ပါတယ်။ ဒက်ဒီကတော့ ကျွန်တော့်ကို မျက်မှောင်ကြုတ်ပြီး ကြည့်ပါတယ်။ တအားစကားများတာပဲတဲ့။
အခု ကျွန်တော်တို့က ကျွန်တော့်မူကြိုဆရာမရဲ့ နားနေအခန်းထဲမှာပါ။ ကျွန်တော်က အတန်းထဲက ကလေးမလေးကို ဆံပင်ဆွဲမိလို့ မိဘခေါ်ခံထားရတာပါ။
ကလေးမလေးက ကျွန်တော့်ထက် ငယ်ပါတယ်။ ပြီးတော့ ကျောင်းကိုလည်း နောက်မှ လာခဲ့တာပါ။ ပြီးတော့ စကားလည်း မပြောပါဘူး။ အမြဲတမ်း ငြိမ်ငြိမ်လေး ထိုင်နေတတ်တာ။
ဆံပင်ဝါဝါလေး မျက်လုံးပြာပြာလေးနဲ့ ပန်းရောင်ရဲရဲ တောက်တဲ့အထိ ဆွတ်ဆွတ်ဖြူနေတဲ့ အသားအရေနဲ့ ကလေးမလေးက ဘာဘီရုပ်လေး အသက်ဝင်နေသလိုမျိုးလေ။
YOU ARE READING
Nephew
Romanceရေးသားသူ_စွဲညို့ Romance, BL လူတစ်ယောက်က လူတစ်ယောက်ကို ခံစားရသမျှ ရေးသီထားရုံလေးပါပဲ။