Nephwe-Extra-12
(ကလေး-၂)
ကျွန်တော် အရှေ့ကို တစ်လှမ်းတိုးလိုက်ပြီးတော့ သူ့ကို ခပ်တင်းတင်း ပွေ့ဖက်လိုက်တယ်။ ခုနနေ ကျွန်တော် တစ်ခုခု မေးလိုက်ပြီးတော့မှ သူ့အဖြေကသာ တကယ်ကြီး ဖြစ်နေခဲ့ရင် ကျွန်တော် သူ့ကို ဒီလို ပွေ့ဖက်ရဲတော့မှာ မဟုတ်ဘူး။
ဟုတ်တာပေါ့။ ကျွန်တော့်အတ္တကလည်း ဘာပဲဖြစ်ဖြစ် သူ့ကို ဆက်ပြီး ပွေ့ဖက် ထားချင်နေသေးတာပဲကို။
"လေးငယ် ကျွန်တော် အမှားတစ်ခုခု လုပ်မိတာလား။ ကုမ္ပဏီက လူတွေ တစ်ခုခု ပြောလို့လား။ ဒါမှမဟုတ် တခြားသူတွေလား... လေးငယ် ကျွန်တော့်ကို မခြောက်ပါနဲ့..."
သူ့ရဲ့ ရင့်ကျက်လာခြင်းမှာ သူ ချွဲနွဲ့လိုတဲ့ အခါတွေကလွဲရင် မလိုအပ်ဘဲ ဂျီဂျီလို့ မပြောတော့တာတွေလည်း ပါလေတယ်။
သူ့လက်တွေက တုန်တုန်ရင်ရင်နဲ့ ကျွန်တော့်ကို ပြန်ဖက်လာတယ်။ သိသိသာသာကို တုန်ရင်နေတာမို့ ကျွန်တော်ကတော့ နဂိုတည်းက သူနဲ့ ပတ်သက်လာရင် သိသိသာသာကို သတိထားတတ်တာမို့ သေသေချာချာကို ခံစားမနေတယ်။
"အဲလို မျက်နှာထားမျိုး မလုပ်ပါနဲ့ ကျွန်တော် ကြောက်တယ်။ အဲဒီမျက်နှာထားမျိုးကို လွန်ခဲ့တဲ့ နှစ်နှစ်ကျော်တုန်းက လေးငယ်ဆီမှာ မြင်ဖူးတယ်။ ပြီးတော့ လေးငယ် ကျွန်တော့်ကို ထားသွားခဲ့တာ။ ကျွန်တော် ဘာလုပ်မိလို့လဲ..."
သူ့အသံက သိသိသာသာကို တုန်ရင်လာခဲ့ပြီးတော့ ကျွန်တော့်ကို မလိုချင်တော့ဘူး။ ဒါမှမဟုတ် မလိုလားတော့ဘူး။ ဒါမှမဟုတ် အိမ်အပြင်မှာ တခြားမိန်းကလေးနဲ့ သီးသန့်တွေ့နေပါတယ်လို့တောင်မှ ထင်စရာကို မရှိဘူး။
ကျွန်တော် တိုးတိုးလေးပဲ မေးလိုက်မိတယ်။
"မင်း ငါ မသိအောင် ဘာလုပ်ထားတာ ရှိလဲ"
သူ့ခန္ဓာကိုယ်က ကျွန်တော့်လက်ထဲမှာတင် တောင့်ခနဲ ဖြစ်သွားတယ်။ ပိုရင်နာသွားရတာကိုတော့ ဆိုစရာတောင် မလိုဘူး။
သူက ကျွန်တော့်ကို ပိုလို့တောင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်လာတယ်။
YOU ARE READING
Nephew
Romanceရေးသားသူ_စွဲညို့ Romance, BL လူတစ်ယောက်က လူတစ်ယောက်ကို ခံစားရသမျှ ရေးသီထားရုံလေးပါပဲ။