Unicode
Nephew (Extra-8)
နွေးထွေးတဲ့ လက်အထိအတွေ့ကြောင့် ကျွန်တော် ပြန်နိုးလာတယ်။ ဂျီဂျီက ကျွန်တော့် အပေါ်ဝတ်ကို ချွတ်ပေးနေရင်းက ပြောတယ်။
"နိုးသွားတာလား.. ဆောရီး လေးငယ် နေရခက်နေမှာ စိုးလို့ ဂျီဂျီ ချွတ်ပေးမလို့.."
ကျွန်တော် အပြင်ကို လှမ်းကြည့်လိုက်တော့ မိုးမှောင်သွားပြီ ဖြစ်တယ်။ ကျွန်တော် တော်တော် အိပ်ပျော်သွားပုံ ရတယ်။
"ငါ တော်တော် အိပ်သွားတာပဲ မင်းက နိုးလိုက်တာ မဟုတ်ဘူး"
ကျွန်တော် ပြောလိုက်တော့ သူက ကျွန်တော့်အကျႌကို ချွတ်ပြီးလို့ ချိတ်နဲ့ ချိတ်ပြီးတော့ ဗီရိုထဲမှာ ထည့်လိုက်တယ်။
"လေးငယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာနဲ့ ကျွန်တော် မနိုးတော့တာ.. ဗိုက်မဆာဘူးလား.."
ကျွန်တော် အိပ်ရာပေါ်မှာ ထထိုင်လိုက်ပြီးတော့ သူ့ကို မော့ကြည့်လိုက်တယ်။ ပြီးတာနဲ့ သူ့လက်ကို ဆွဲချပစ်လိုက်တယ်။ ကျွန်တော် ဒီနေ့တစ်ရက်လုံး သူ့ကို မဖက်ထားရသေးဘူး။ သူက ကုတင်ပေါ်မှာ ထိုင်လိုက်ပြီးတော့ ကျွန်တော့်ကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားတယ်။
"လေးငယ် တောင်းပန်ပါတယ် တကယ်ဆို ဒီနေ့ ကျွန်တော် အားနေသင့်တာ"
"ရပြီ ငါ့ကို အလိုက်မသိတဲ့ မိန်းမငယ်လေးလို မဆက်ဆံစမ်းနဲ့.."
ကျွန်တော့်လေသံ နည်းနည်းမာသွားလို့ ထင်တယ်။ သူက တိတ်ကျသွားတယ်။
"လေးငယ် စားချင်တာ တစ်ခုခု မရှိဘူးလား။ ဂျီဂျီ ချက်ကျွေးမယ်လေ"
အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် အမျိုးသားလေးဟာ အားလုံးသော လူတွေက ဒုဥက္ကဌဆိုပြီး ရိုသေလေးစားနေကြတဲ့ အချိန်မှာ သူက ကျွန်တော့်အတွက် စာဖိုမှုး လုပ်ပေးဖို့ကို လိုလားနေတယ်။ ဒီခံစားချက်က တော်တော်လေး ကောင်းတယ်လို့ ကျွန်တော် ဝန်ခံရမယ်။ ဒါပေမဲ့..။
"မစားချင်ဘူး။ ငါမင်းကို မလွှတ်ချင်သေးဘူး"
ကျွန်တော် တိုးတိုး ပြောလိုက်တယ်။ ကျွန်တော် တကယ်လည်း သူ့ကို ဖက်ထားတာ မလွှတ်ချင်သေးဘူး။ အခုမှပဲ အိမ်ဆိုတဲ့ ခံစားချက်ကို ရတယ်။ အခုမှပဲ နွေးထွေးတယ်လို့ ခံစားရပြီးတော့ အခုမှပဲ စိမ်းသက်ခြောက်ကပ်မနေသလို ခံစားရတယ်။ အခုမှပဲ ချစ်ခြင်းတရားကို ကျွန်တော် ခံစားရသလို ဖြစ်နေတယ်။ သူ့ကို ကျွန်တော် ဒီလောက်ထိ လွမ်းနေခဲ့တာ။
YOU ARE READING
Nephew
Romanceရေးသားသူ_စွဲညို့ Romance, BL လူတစ်ယောက်က လူတစ်ယောက်ကို ခံစားရသမျှ ရေးသီထားရုံလေးပါပဲ။