Nephew Extra-3
@@@@@@@@
(ဟီး ဆက်ရန်မရှိပါဟု တင်ထားပြီးနောက်၊ ခပ်တည်တည်နှင့် အဆက်ကို ရေးပါသည်။ ပြီးနောက် ခပ်တည်တည်နှင့် ပြန်လာတင်ပါသည်။ တကယ်ကလေ တစ်ခုခု အပြောခံလိုက်ရရင် အစွဲလေးက စိတ်နုလို့ပါနော်)
"လေးငယ် ဂျီဂျီ့ကို လာကြိုတာလား"
"အင်း ညစာအပြင်မှာ စားရအောင်"
ညစာကို ပုံမှန် သူပြန်လာမှချက် ပြီးရင် တစ်စားပွဲတည်းထိုင် အတူတူစား၊ သူချက်တာဆိုမှ သေချာစားလေ့ရှိတဲ့ ကျွန်တော့်အကျင့်ကြောင့် အပြင်မှာစားကြမယ် ဆိုတော့ သူက မျက်မှောင်ကုတ်တယ်။ ပြီးမှ လက်ဖြန့်ပြီး၊
"ကားသော့ပေး၊ ဂျီဂျီမောင်းမယ်"
ကားထဲကို အတူတူ ဝင်ထိုင်လိုက်ပြီးမှ ကျွန်တော့်ဘက်ကို တစ်ချက် ငဲ့ကြည့်ရင်း မေးတယ်။
"ဂျီဂျီချက်တာတွေ ငြီးငွေ့လာလို့လား"
ငြီးငွေ့စရာလား၊ ဒီဟာလေး မေးလည်း မေးတတ်တယ်။ အရင်ကတော့ အလုပ်က ဆိုင်တစ်ခုတည်းမို့ သူချက်တာကို အေးအေးဆေးဆေး စောင့်စားနိုင်ပေမယ့် အခုဟာက သူ့ခမျာ ဟိုဘက်တွေရော၊ ဒီဘက်တွေပါ ပြေးလွှားနေရတာ သိသိနဲ့ မောမောပန်းပန်း ပြန်လာ အပြေးအလွှား ဈေးဝယ်၊ အေဖွန်ဝတ်ပြီးမှ မြန်မြန်ဆန်ဆန် ချက်ပြုတ်နေရတာတွေကို ကိုယ်တိုင် မြင်နေရတာ ဒီကလူက အမျိုခက်နေမှန်း သူကမသိပဲ ပြောလိုက်ရင် သူ့ဘက်ကချည်း အားနည်းချက် ရှိနေသလိုလို၊
"တစ်ခါတစ်လေ အပြင်ထွက်စားတော့ မကောင်းဘူးလား"
ကားကို ဘက်ခ်ဆုတ်ရင်း အနောက်ကို လှည့်ကြည့်ရင်းက ကျွန်တော့်ကို မျက်လုံးလှန်ကြည့်တယ်။ ကျွန်တော့်မျက်နှာပေါ်က အရိပ်အခြေကို အကဲခတ်နေမှန်း သိသိနဲ့ ကျွန်တော်ကလည်း အမူအယာ မပျက်ပဲ ပုခုံးတွန့်ပြလိုက်တယ်။
"ဆိုင်အသစ်တွေ့ထားတယ်၊ စားကောင်းမလားလို့"
"အင်း"
ကားပါကင်ကနေ လွှတ်ပြီဆိုမှ အင်းဆိုတာကို ခပ်သဲ့သဲ့ အသံပြုတယ်။ ကျွန်တော် ပြပေးတဲ့ ဆိုင်ကို ဦးတည်သွားရင်းက သူ့ဖာသာသူ သက်ပြင်းချရင်း ဆိုလာတယ်။
YOU ARE READING
Nephew
Romanceရေးသားသူ_စွဲညို့ Romance, BL လူတစ်ယောက်က လူတစ်ယောက်ကို ခံစားရသမျှ ရေးသီထားရုံလေးပါပဲ။