Nephew Extra-6
***Warning ပါးပါးလေးသာ ထည့်ပါ၏။ RL မှားထည့်ရင် mute မှာနော်၊ ++ ထဲရောက်ရင်တော့လား၊ ဒေါ်စွဲညို့နဲ့ တွေ့မယ်***
ဒီနေ့က နှစ်သစ်ကူးရက်၊ ကျောင်းပိတ်ထားတယ်။ တခြားသူတွေကတော့ အပျော်ခရီးထွက်ကြမယ်လို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မလိုက်ဖြစ်ဘူး။ တစ်ဦးတည်းပဲ အိမ်ထဲမှာ အောင်းနေမိတယ်။ ကော်ဖီတစ်ခွက် စောင်နဲ့ စာအုပ်တွေရယ် ဧည့်ခန်းထဲက မီးလင်းဖိုနားမှာ ထိုင်ပြီးတော့ အနားယူခြင်းမမည်၊ စာလုပ်ခြင်း မမည်ဖြင့် အေးနေတဲ့ နေ့မှာ အေးအေးဆေးဆေး သာသာယာယာ ရှိနေတယ်။
အခြေအနေနဲ့ အချိန်အခါက အေးဆေးပေမယ့် စိတ်မအေးနိုင်တာ တစ်ခုက ရှိနေတယ်။ ကောင်ဆိုးလေးက အလုပ်များပြီး ကျွန်တော့်ဆီကို ဖုန်းမခေါ်လာဘူး။ မက်စေ့တစ်စောင်တည်းပဲ ရောက်လာတယ်။ Happy New Year, Have a happy day. ဆိုတာလေးက ကျွန်တော့်အတွက် ပျော်ရွှင်မှုကို မပြည့်စုံစေဘူး။ လိုကိုလိုအပ်နေစေတယ်။
ကျွန်တော့်အတွက် တကယ့်ပျော်ရွှင်မှုက သူ့ကို မြင်တွေ့ခွင့် ဆိုတာကို သူသိအောင် ကျွန်တော် တိုက်ရိုက် မပြောတတ်ရင်တောင်မှ တစ်နည်းနည်းနဲ့တော့ သူ့ကို သိစေမှ ဖြစ်မယ်။ မဟုတ်ရင် အမြဲတမ်း ဒီလိုမျိုးချည်း ဖြစ်သွားရင် ကျွန်တော်ဟာ ပစ်ပယ်ခံထားရတယ် ဆိုတဲ့ ခံစားချက်ကြီး ဝင်သွားနိုင်တယ်။
အတွေးက ရှိပေမယ့် ဝေးနေတဲ့ ကာလမှာ ဘာတစ်ခုမှ လုပ်လို့ မရဘူး။ ဖုန်းကို လှမ်းကြည့်လိုက် ဘောပန်ကိုင်လိုက် စာအုပ်လှန်လိုက်နဲ့ပဲ အလုပ်ရှုပ်နေမိတယ်။ ဖုန်းခေါ်လိုက်ပြီ ဆိုပါစို့၊ လေးငယ် ဘာလို့လဲလို့ မေးလာခဲ့ရင်၊ ငါမင်းကို ဒီနေ့ မတွေ့ရသေးဘူးလေကွာလို့ ကျွန်တော် ပြောတတ်ပါ့မလား၊ ဆိုတာကနေ စတွေးမိတယ်။
ဒါမှမဟုတ် ကျွန်တော် ဖုန်းခေါ်လိုက်ပြီးမှ သူ့ဘက်ကနေလို့ လေးငယ် ဂျီဂျီမအားသေးလို့ နောက်မှ ပြန်ခေါ်နော် ဆိုရင် ကျွန်တော် သိက္ခာကျသွားမှာလား။ အဲလိုကြီးလည်း မဖြစ်ချင်ဘူး။
ဒါမှမဟုတ် ဖုန်းခေါ်လိုက်ပြီးမှ သူ့ဘက်က ဘာမှမပြောသေးခင် မင်းကို ငါ တွေ့ချင်လို့ ဖုန်းခေါ်လိုက်တာ ဘာမှမဟုတ်ဘူး ဆိုပြီး ဖုန်းပြန်ချလိုက်ရမလား။ ဒါကြီးက အရမ်းကို ကလေးဆန်နေတာ မဟုတ်လား။ ကျွန်တော် ဒီလိုမျိုးတော့ ဘယ်တော့မှ မလုပ်ဘူး သေချာတယ်။
YOU ARE READING
Nephew
Romanceရေးသားသူ_စွဲညို့ Romance, BL လူတစ်ယောက်က လူတစ်ယောက်ကို ခံစားရသမျှ ရေးသီထားရုံလေးပါပဲ။