Nephew-Extra-2
@@@@@@@
မနက်မိုးလင်းလို့ မျက်လုံးပွင့်တာနဲ့ ကျွန်တော့်ကိုယ်ပေါ်မှာ အလျားလိုက် အိပ်နေတဲ့ သူ့ကို အရင်ဆုံးဘေးနားကို ချရတယ်။ ဒီဟာလေး အမြဲတမ်း ဒီလိုလာလာအိပ်တတ်တာ၊ အကျင့်ကို ဖြစ်နေပြီ။ ကျွန်တော့်ကိုယ်ပေါ်မှာ တက်အိပ်ရအောင်က သူနဲ့ကျွန်တော်ဟာ အသက်အရွယ် ကွာဟချက် ရှိပေမယ့် ခန္ဓာကိုယ်တည်ဆောက်ပုံက မကွာလှဘူး ဆိုတာကို ရှင်းပြဖို့ ကျွန်တော် ကြိုးစားကြည့်သေးပေမယ့် မအောင်မြင်ခဲ့ဘူး။
အခုနောက်ပိုင်းဆို ဂျီဂျီတို့ သိပ်ဆိုးလာတာ၊ နည်းနည်းလောက် ပြောလိုက်ရုံနဲ့၊ လေသံလေး မာလိုက်ရုံနဲ့ မျက်ရည်က ဝဲပြီးသား၊ အဲ့ဒါက ဘယ်လို ဒီဇိုင်းကာလာပုံစံမှန်း မသိပေမယ့် အစစ်လား အတုလား မဝေခွဲနိုင်လိုက်ခင်မှာပဲ လေသံကိုတော့ လျော့လိုက်မိတာပင်၊
"ဂျီဂျီ ထ"
နိုးလိုက်တော့ အိပ်ရာ ထောင့်စွန်းထိ လိမ့်သွားတယ်။ ကျွန်တော် ထလိုက်ပြီးမှ စောင်အပါးလေးကို ဆွဲယူလိုက်တော့ ကျွန်တော့်ဘက်ကို ပြန်လှိမ့်လာတယ်။
"ဂျီဂျီ ထထ၊ ဘုရား သွားရမှာ"
"အာ လေးငယ်ကကွာ၊ အစောကြီးပဲ ရှိသေးတာ၊ မိုးတောင်မလင်းသေးဘူး"
"မနက်ခြောက်နာရီ ကျရင် မမဆီ သွားရမှာ ထတော့"
"မထသေးဘူး ဂျီဂျီ ညက အိပ်ရေးပျက်ထားတယ်"
ဆက်ပြောလည်း ထပ်ပြီး ဂျီကျဖို့ကို တာဆူနေတာကြောင့်၊
"အိုကေ မင်း ဆယ်ငါးမိနစ်အတွင်း ဘုရားသွားဖို့ ပြင်လို့ မပြီးသေးရင် ဒီနေ့ကစပြီးတော့ ငါ့အိမ်မှာ ငါပြန်နေမယ်"
ကိုယ်တော်ချောက စောင်ကို ကုတင်အောက် ကန်ချပစ်လိုက်ပြီးမှ ကုန်းရုန်းထလာတယ်။ အနည်းငယ် မကျေမနပ်သေးတဲ့ မျက်နှာမှုန်မှုန်လေးနဲ့ စောင်ကို ပြန်ကောက်လိုက်ပြီးမှ ကုတင်ပေါ်ကို ပစ်တင်တယ်။ ကျွန်တော် စောင်ခေါက်တဲ့အချိန်မှာပဲ သူက ရေချိုးခန်းထဲကို ပြေးဝင်သွားပြီးတော့မှ ပြန်ထွက်လာတယ်။ စောင်ခေါက်ရင်း ငုံ့ကိုင်းနေတဲ့ ကျွန်တော့်ပါးတစ်ဖက်ကို ပြေးနမ်းလိုက်ပြီးတော့ ကျွန်တော် မျက်မှောင်ကုတ်လိုက်တာကို၊
YOU ARE READING
Nephew
Romanceရေးသားသူ_စွဲညို့ Romance, BL လူတစ်ယောက်က လူတစ်ယောက်ကို ခံစားရသမျှ ရေးသီထားရုံလေးပါပဲ။