Nephew Extra-5
@@@@@@@@
"လေးငယ်"
ကြားလိုက်ရတာလား၊ ကြားယောင်မိတာလား၊ မနက်နိုးလာတာနဲ့ ရင်ဘတ်ပေါ်ကို လက်အရင်ဆုံး စမ်းတတ်တဲ့ အကျင့်ကို ဘယ်ကတည်းက ရနေမှန်း ကျွန်တော်မသိဘူး။ ဒါပေမယ့် အခုတော့ တော်တော်လေးကို အကျင့်ပါနေပြီ။ ရင်ဘတ်ပေါ်မှာ ဘယ်သူမှ မရှိတာသေချာတော့ အိပ်ရာဘေးနားကို လက်နဲ့စမ်းလိုက်မိတယ်။ အေးစက်စက် အိပ်ရာခင်းအတွေ့ကို ရလိုက်တယ်။
ဟုတ်သားပဲ၊ အဲဒီအပေအတေလေး ကျွန်တော့်အနားမှာ မရှိဘူး၊ အနွေးဓာတ်ငွေ့ လွတ်ထားပေမယ့် အိမ်အတွင်းမှာ အေးစက်စက် ဖြစ်နေဆဲ ဖြစ်တယ်။ ဒါက ခံစားချက်သက်သက်လားတော့ မသိဘူး၊ အိပ်ရာကနေထ စောင်ခေါက်လိုက်ပြီး ရေချိုးခန်းထဲကို ဝင်လာခဲ့တော့ သွားတိုက်တံကတောင် အထီးကျန်မှုကို ခံစားမိစေအောင် တစ်ချောင်းတည်း၊
"ခန့်ညားကြည်စင် မင်းတော့ ရူးနေပြီ၊ ငယ်တော့တာလည်း မဟုတ်ပဲနဲ့"
ကိုယ့်ဖာသာ အသံထွက် သတိပေးလိုက်ပြီးမှ သွားတိုက် မျက်နှာသစ်ခြင်းနဲ့ နေ့တစ်နေ့ကို အစပြုလိုက်တယ်။ မျက်နှာသစ်ပြီးတာနဲ့ အဝတ်စားလဲဖို့ ပြင်လိုက်တုန်းမှာပဲ အချိန်မှန်လာနေကျ ဖုန်းတစ်ကောက ဝင်လာတယ်။ ဖုန်းမျက်နှာပြင်ကို ဖွင့်လိုက်တာနဲ့ ထိုင်ခုံတစ်ခုတွင် ထိုင်နေတဲ့ဂျီဂျီက ပေါ်လာတယ်။ ဒီပုံစံအနေအထားရ သူက အလုပ်ထိုင်ခုံမှာ ရှိနေတုန်းမှန်း သိသာစေသဖြင့် အလိုမကျစွာ မေးမြန်းလိုက်မိတယ်။
"အလုပ်ထဲမှာပဲ ရှိတုန်းလား ဒီအချိန်ထိ"
ကျွန်တော် ပြောလိုက်တာကို ဂျီဂျီက နှစ်လိုဖွယ် ပြုံးရယ်လာရင်းက သူ့ကို မဆူနေဖို့အတွက် စကားနဲ့ ဖြေသိမ့်စေတယ်။ ပြောရရင် နေ့တိုင်း ဂျီဂျီက အဲလိုပဲ သူ့ကို ဖြေသိမ့်တာပါပဲ၊ ဖုန်းခေါ်တဲ့အချိန်လေးကို မပျက်ကွက်တတ်ပေမယ့် ဒီအချိန်က အလုပ်ကနေ ပြန်သင့်ပြီဟု ကျွန်တော်ကတော့ မြင်လေတယ်။
အခုနောက်ပိုင်း မလုပ်နဲ့ဟု တားမြစ်ဖို့ကျတော့ သူကလည်း အသက်နှစ်ဆယ်ခုနှစ်နှစ် ရှိတဲ့ အမျိုးသားတစ်ဦး ဖြစ်နေပြီ။ ဟိုဟိုဒီဒီအထိ မိန်းကလေးငယ်ငယ် တစ်ဦးလို တားမြစ်တာတွေ လုပ်ဖိုအထိကျ ချုပ်ချယ်လွန်းတယ်ဟု အထင်မခံလိုပေ။
YOU ARE READING
Nephew
Romanceရေးသားသူ_စွဲညို့ Romance, BL လူတစ်ယောက်က လူတစ်ယောက်ကို ခံစားရသမျှ ရေးသီထားရုံလေးပါပဲ။