မင်းအနားမှာ...(Part 3)

283 15 0
                                        

ဒေါ်နှင်းနှင်းလွင် - မဟူရာ သား မာမီ့ဆီလာပါအုံး

မဟူရာ - ဟုတ် မာမီ သားကို ဘာပြောစရာရှိလို့လဲ

ဒေါ်နှင်းနှင်းလွင် - သားကျောင်းမယ် အဆင်ပြေရဲ့လား

မဟူရာ - ပြေပါတယ် မာမီ

ဒေါ်နှင်းနှင်းလွင် - အေးကွယ် မာမီက သားလေး ကျောင်းအသစ်မှာဆိုတော့ ဆရာသစ် သူငယ်ချင်းသစ်တွေနဲ့ အဆင်မပြေတာတွေဖြစ်မှာစိုးနေတာ

မဟူရာ - မဖြစ်ပါဖူး ‌မာမီ သားမယ် သူငယ်ချင်းတွေတောင်ရနေပြီ သူတို့ကလည်း ပွင့်ပွင့်လင်းလင်းနဲ့ ခင်ဖို့ကောင်းကြတယ်

ဒေါ်နှင်းနှင်းလွင် - အေးကွယ် သားလေးအဆင်ပြေရင် ရပါပြီ

မဟူရာ - အကုန်အဆင်ပြေပါတယ် မာမီရဲ့ စိတ်မပူနဲ့နော် ဒါနဲ့ ဦးမင်းမဟာကြောင်းဘာကြားသေးလဲ ‌

ဒေါ်နှင်းနှင်းလွင် - ဘာမှတော့မကြားမိပါဖူး သူမာမီတို့ကို အသည်းအသန်လိုက်ရှာနေတယ်တဲ့ စဉ်းစားကြည့်ရင် သားဒယ်ဒီက‌ေလ အလွန်ရက်စက်တတ်တဲ့သူ မာမီ့ကို အကြိမ်ကြိမ်နာကျင်အောင်လုပ်ခဲ့ရတာအားမရတော့ သားလေးကိုပါ မာမီ့ဘ၀ထဲက ဆွဲထုတ်သွားဖို့ကြိုးစားနေတာ သူကြောင့်နဲ့ မာမီတို့လဲ အေးဆေးမနေရဖူး ဟူးးးး

မဟူရာ သူ့မာမီ သူ့အဖေတစ်ဖြစ် ဦးမင်းမဟာကြောင်းပြောရင်း မျက်ရည်လေးတွေဝဲလာတာကို သူမြင်လိုက်ရတယ်

“ မာမီရယ် ကိုယ့်ကို မချစ်တဲ့သူကိုမှ ချစ်မိရတယ်လို့ဗျာ ”

Flash Back

မဟူရာရဲ့ အမေ ဒေါ်နှင်းနှင်းလွင်နဲ့ မဟူရာ့အဖေ ဦးမင်းမဟာတို့က တက္ကသိုလ်မယ်တွေ့ခဲ့ကြတယ် ဒေါ်နှင်းနှင်းလွင်တို့ သူငယ်ချင်းအဖွဲ့မယ် ‌နှင်းနှင်းလွင်၊ ယုယမော်၊ ပျိုနှင်းမေ၊ ဇော်မိုးနောင် နဲ့ မင်းမဟာ ဆိုပြီး မိန်းကလေးသုံးယောက်နဲ့ ယောက်ျားလေးနှစ်ယောက်ပါခဲ့တာပေါ့

ဒေါ်နှင်းနှင်းလွင်က မိဘတွေ စီစဉ်ပေးတဲ့ ကိုယ်ပိုင်အိမ်လေးမယ် တစ်ယောက်တည်းနေရင်းကျောင်းတက်ပြီး ကျန်လေးယောက်မှာတော့ ကျောင်းနားက အဆောင်လေးမယ်ပဲ ငှာ‌းနေကြတယ်

မင်းအနားမှာ....Where stories live. Discover now